Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ်တွင် စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ​ကျေးရွာအချို့ မှပြည်သူများထွက်​ပြေး​နေရ

“အသံတွေကတော့ အကျယ်ကြီးပဲ။ ယင်းတွေရွာအရှေ့ လက်နက်ကြီး (၃ ) ကြိမ်လောက်ကျပြီးတဲ့နောက် ဝပါ၊သပြေသာ ရွာအရှေ့​လယ်ကွင်းတွေကြားထဲ ထပ်ကျတယ်ပြောတယ်။” ဟု ဒီပဲယင်းဒေသခံတစ်ဦးက ​ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်နေ့)ကဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည် ည ၈ နာရီခန့်မှစတင်ကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေ၍ အနီးနား ကျေးရွာတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ည ၁၂း၃၀ ခန့်တွင် ဒီပဲယင်းမြို့နယ် ဝပါကျေးရွာ၊ သပြေသာကျေးရွာဘက် နှင့် ယင်းတွေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံများ ညဥ့်နက်သန်း
ခေါင်တွင် မိုးရွာနေသည့်ကြားကထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းဒေသခံများက ပြောသည်။

“အသံတွေကတော့ အကျယ်ကြီးပဲ။ ယင်းတွေရွာအရှေ့ လက်နက်ကြီး (၃ ) ကြိမ်လောက်ကျပြီးတဲ့နောက် ဝပါ၊သပြေသာ ရွာအရှေ့​လယ်ကွင်းတွေကြားထဲ ထပ်ကျတယ်ပြောတယ်။” ဟု ဒီပဲယင်းဒေသခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့( ဇန်နဝါရီလ ၁၆ ရက်နေ့)နံနက်တွင် ဒီပဲယင်းမြို့နယ် အနောက်ပိုင်းသို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၄ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ ယဥ်ချင်းကျေးရွာကို ရဟတ်ယာဥ် ၃ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ယဉ်ကျေးတောရကျောင်းဆောင် ထိယဉ်ကျေးတောရကျောင်းဆောင် ထိခိုက်ပျက်စီးမှု၊ ကားနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီး၊ကျေးရွာအတွင်းသို့လည်း ဝင်ရောက်ကာ ပြည်သူများ၏ ပစ္စည်းအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အကြမ်းဖက်စစ်တပ် ရွာမှ ထွက်ခွာသွားပြီးနောက် ပစ်ခက်ခဲ့သော လက်နက်များတွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လေကြောင်း ပစ်ခတ်မှုကြောင့်လည်း ကျေးရွာ(၁၀) ရွာကျော် တိမ်းရှောင်နေရပြီး လူ တစ်သောင်းခွဲခန့် ထွက်ပြေးနေရကြောင်း၊ ရုတ်တရက် အလျင်စလိုတိမ်းရှောင်ရသောကြောင့် အဝတ်အထည်များမယူနိုင်ခဲ့ခြင်း၊ ရိက္ခာခြောက်များမယူနိုင်ခြင်းနှင့် ဆောင်းရာသီဝတ်အနွေးထည်များ၊စောင်များမပါခြင်းများဖြစ်ကာ လူလွတ်ရုန်းတိမ်းရှောင်နေရကြောင်း အကူအညီပေးနေသည့် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။