Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်တွင် စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ​ကျေးရွာအချို့ မှပြည်သူများထွက်​ပြေး​နေရ

“အသံတွေကတော့ အကျယ်ကြီးပဲ။ ယင်းတွေရွာအရှေ့ လက်နက်ကြီး (၃ ) ကြိမ်လောက်ကျပြီးတဲ့နောက် ဝပါ၊သပြေသာ ရွာအရှေ့​လယ်ကွင်းတွေကြားထဲ ထပ်ကျတယ်ပြောတယ်။” ဟု ဒီပဲယင်းဒေသခံတစ်ဦးက ​ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်နေ့)ကဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည် ည ၈ နာရီခန့်မှစတင်ကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေ၍ အနီးနား ကျေးရွာတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ည ၁၂း၃၀ ခန့်တွင် ဒီပဲယင်းမြို့နယ် ဝပါကျေးရွာ၊ သပြေသာကျေးရွာဘက် နှင့် ယင်းတွေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံများ ညဥ့်နက်သန်း
ခေါင်တွင် မိုးရွာနေသည့်ကြားကထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းဒေသခံများက ပြောသည်။

“အသံတွေကတော့ အကျယ်ကြီးပဲ။ ယင်းတွေရွာအရှေ့ လက်နက်ကြီး (၃ ) ကြိမ်လောက်ကျပြီးတဲ့နောက် ဝပါ၊သပြေသာ ရွာအရှေ့​လယ်ကွင်းတွေကြားထဲ ထပ်ကျတယ်ပြောတယ်။” ဟု ဒီပဲယင်းဒေသခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့( ဇန်နဝါရီလ ၁၆ ရက်နေ့)နံနက်တွင် ဒီပဲယင်းမြို့နယ် အနောက်ပိုင်းသို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၄ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ ယဥ်ချင်းကျေးရွာကို ရဟတ်ယာဥ် ၃ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ယဉ်ကျေးတောရကျောင်းဆောင် ထိယဉ်ကျေးတောရကျောင်းဆောင် ထိခိုက်ပျက်စီးမှု၊ ကားနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီး၊ကျေးရွာအတွင်းသို့လည်း ဝင်ရောက်ကာ ပြည်သူများ၏ ပစ္စည်းအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အကြမ်းဖက်စစ်တပ် ရွာမှ ထွက်ခွာသွားပြီးနောက် ပစ်ခက်ခဲ့သော လက်နက်များတွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လေကြောင်း ပစ်ခတ်မှုကြောင့်လည်း ကျေးရွာ(၁၀) ရွာကျော် တိမ်းရှောင်နေရပြီး လူ တစ်သောင်းခွဲခန့် ထွက်ပြေးနေရကြောင်း၊ ရုတ်တရက် အလျင်စလိုတိမ်းရှောင်ရသောကြောင့် အဝတ်အထည်များမယူနိုင်ခဲ့ခြင်း၊ ရိက္ခာခြောက်များမယူနိုင်ခြင်းနှင့် ဆောင်းရာသီဝတ်အနွေးထည်များ၊စောင်များမပါခြင်းများဖြစ်ကာ လူလွတ်ရုန်းတိမ်းရှောင်နေရကြောင်း အကူအညီပေးနေသည့် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook