Connect with us

Hi, what are you looking for?

News

ဗုံးခိုကျင်းများကို အမြန်တူးထားကြရန် KSCCနှင့် ကရင်နီပြည်အစိုးရ အရေးပေါ် ထုတ်ပြန်

တိုက်လေယာဉ်များပျံသန်းသည့် အရေးပေါ်သတိပေးချက်များကို အလေးထားကြရန်နှင့် လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် တိုက်လေယာဉ်များကိုတွေ့ရှိပါက ချက်ချင်း ဗုံးခိုကျင်းများအတွင်းသို့ ပုန်းရှောင်ပေးကြရန် KSCC က တိုက်တွန်းသည်။

(ကရင်နီပြည်နယ် ‌ ဒေသခံများ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour/FB)

အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးတုံးသတ်ဖြတ်မှုများဆက်လက်ကျူးလွန်ရန် သေချာနေ၍ ဗုံးခိုကျင်းများကို အမြန်ဆုံးတူးထားရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့(ဇန်နဝါရီ ၁၇ ရက်)တွင် အရေးပေါ် ထုတ်ပြန်လိုက်သည်။

တိုက်လေယာဉ်များပျံသန်းသည့် အရေးပေါ်သတိပေးချက်များကို အလေးထားကြရန်နှင့် လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် တိုက်လေယာဉ်များကိုတွေ့ရှိပါက ချက်ချင်း ဗုံးခိုကျင်းများအတွင်းသို့ ပုန်းရှောင်ပေးကြရန် KSCC က တိုက်တွန်းသည်။

ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဗုံးခိုကျင်းများတူးထားကြရန်၊ တိုက်လေယာဉ်များပျံသန်းလာသည့်အသံကြားသည့်အခါ သတိပေးခြင်း၊ အချက်ပေးခြင်းများကို အလေးထားကြရန် ယနေ့ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း သွားလာလှုပ်ရှားမှုများမပြုကြရန်နှင့် လွတ်မြောက်ရာသို့ ပြောင်းရွှေ့ကြရန်လည်း ကရင်နီပြည်အစိုးရနှင့် KSCC တို့က အကြံပြုသည်။

Public Service Announcement

Public Service Announcement

မိမိတို့မြို့နယ်အတွင်း ပိတ်မိနေသော ပြည်သူများရှိပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အသင်းအဖွဲ့များသို့ အသိပေးရန်၊ စစ်ပွဲအခြေအနေနှင့်ပတ်သက်၍ မှန်ကန်သော သတင်းအချက်အလက်များကို မျှဝေကြရန်လည်း တိုက်တွန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို သက်ညှာထောက်ထားခြင်းမရှိတော့ဘဲ ကရင်နီပြည်အတွင်း စစ်ရေးအရှိန်များ တိုးမြှင့်ဆောင်ရွက်နေကာ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ကျူးလွန်နေလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်ဟာ လျှို့ဝှက်အဆင့်အဖြစ် စမ်းသပ်နေတဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်ရဲ့ ပုံရိပ်ကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြလိုက်ပါတယ်။

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။