Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူလူထုကို ဆက်လက်ထောက်ခံအားပေးပြီး ကျူးလွန်ချိုးဖောက်မှုများအတွက် စစ်တပ်တာဝန်ခံမှုရှိစေရေး ဆက်လက်လုပ်ဆောင်မည်ဟု ဗြိတိန်ထုတ်ပြန်

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားပြည်သူများအပေါ် အဆင်အခြင်မဲ့ တိုက်ခိုက်မှုများကြောင့် နိုင်ငံတလွှားရှိ သန်းနှင့်ချီသော ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြ သည်။

ဗြိတိန်သည် မြန်မာပြည်သူလူထုကို ဆက်လက်ထောက်ခံအားပေးပြီး အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ချိုးဖောက်မှုများအတွက် စစ်တပ်က တာဝန်ခံစေရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့(ဇန်နဝါရီ ၁၉ရက်)ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဗြိတိန်သည် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် သုံးစွဲခဲ့ပြီး လူပေါင်း ၆ သိန်းကျော်အတွက် စားနပ်ရိက္ခာ၊ နေထိုင်စရာနှင့် အခြားသော အရေးပေါ် အထောက်အပံ့များ ကူညီပေးခဲ့ကြောင်းထုတ်ပြန်သည်။

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားပြည်သူများအပေါ် အဆင်အခြင်မဲ့ တိုက်ခိုက်မှုများကြောင့် နိုင်ငံတလွှားရှိ သန်းနှင့်ချီသော ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြ သည်။

လက်ရှိတွင် ကရင်၊ ကယား၊ ချင်းနှင့် ရှမ်းပြည်နယ်တို့တွင် ထောင်နှင့်ချီသော နေရပ်စွန့်ခွာပြည်သူများစွာအတွက် အရေးပေါ်အကူအညီများကို ဗြိတိန်အစိုးရက ပံ့ပိုးကူညီနေသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း(ဇန်နဝါရီ ၁၀ ရက်အထိ ကိန်းဂဏန်းများအရ) အရပ်သားပြည်သူ ၂၁၆၄ ဦးသတ်ဖြတ်ခံရပြီး မီးရှုံးခံရခြင်းများအပါအဝင် လူနေအိမ် ၂၂၆၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Media Monitor Collective က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့နယ်ပေါင်း ၃၃ ခုကို ထိခိုက်စေခဲ့ ကြောင်းလည်း ယင်းစောင့်ကြည့်ရေးအဖွဲ့က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။