Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူလူထုကို ဆက်လက်ထောက်ခံအားပေးပြီး ကျူးလွန်ချိုးဖောက်မှုများအတွက် စစ်တပ်တာဝန်ခံမှုရှိစေရေး ဆက်လက်လုပ်ဆောင်မည်ဟု ဗြိတိန်ထုတ်ပြန်

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားပြည်သူများအပေါ် အဆင်အခြင်မဲ့ တိုက်ခိုက်မှုများကြောင့် နိုင်ငံတလွှားရှိ သန်းနှင့်ချီသော ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြ သည်။

ဗြိတိန်သည် မြန်မာပြည်သူလူထုကို ဆက်လက်ထောက်ခံအားပေးပြီး အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ချိုးဖောက်မှုများအတွက် စစ်တပ်က တာဝန်ခံစေရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့(ဇန်နဝါရီ ၁၉ရက်)ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဗြိတိန်သည် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် သုံးစွဲခဲ့ပြီး လူပေါင်း ၆ သိန်းကျော်အတွက် စားနပ်ရိက္ခာ၊ နေထိုင်စရာနှင့် အခြားသော အရေးပေါ် အထောက်အပံ့များ ကူညီပေးခဲ့ကြောင်းထုတ်ပြန်သည်။

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားပြည်သူများအပေါ် အဆင်အခြင်မဲ့ တိုက်ခိုက်မှုများကြောင့် နိုင်ငံတလွှားရှိ သန်းနှင့်ချီသော ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြ သည်။

လက်ရှိတွင် ကရင်၊ ကယား၊ ချင်းနှင့် ရှမ်းပြည်နယ်တို့တွင် ထောင်နှင့်ချီသော နေရပ်စွန့်ခွာပြည်သူများစွာအတွက် အရေးပေါ်အကူအညီများကို ဗြိတိန်အစိုးရက ပံ့ပိုးကူညီနေသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း(ဇန်နဝါရီ ၁၀ ရက်အထိ ကိန်းဂဏန်းများအရ) အရပ်သားပြည်သူ ၂၁၆၄ ဦးသတ်ဖြတ်ခံရပြီး မီးရှုံးခံရခြင်းများအပါအဝင် လူနေအိမ် ၂၂၆၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Media Monitor Collective က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့နယ်ပေါင်း ၃၃ ခုကို ထိခိုက်စေခဲ့ ကြောင်းလည်း ယင်းစောင့်ကြည့်ရေးအဖွဲ့က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook