Connect with us

Hi, what are you looking for?

News

နိုင်ငံတကာကူညီမှုသိသာစွာမရသော်လည်း ပြည်သူ့စုပေါင်းအားဖြင့်သွားရင်း ​တော်လှန်​ရေးမှာအောင်မြင်မှုကိုမြင်​နေရပြီဟု ယာယီသမ္မတပြော

တော်လှန်ရေးသည် ပြည်သူများအတွက် အတော်ပင်ပန်းဆင်းရဲလှသော်လည်း အရှိန်လျော့မသွားဘဲ ဆက်လက်တွန်းလှန်နေသည့် ပြည်သူများနှင့်အတူ အမြန်ဆုံး အောင်မြင်မှု ရရှိအောင်၊ ပိုမိုအားကောင်းအောင် အားဖြည့်ရင်း ရှေ့ဆက်သွားကြရမည်ဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

■စစ်ကောင်စီ၏ထင်ရာစိုင်းလုပ်ရပ်များကြောင့်တော်လှန်ရေးအမြန်အောင်မြင်ရေး ပိုကြိုးစားရမည်ဟု ဝန်ကြီးချုပ်ပြော

လက်ရှိအချိန်ထိ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှု သိသာထင်ရှားစွာ မရသေးသော်လည်း ပြည်တွင်းပြည်ပရှိ ပြည်သူများ၏ စုပေါင်းအားဖြင့် သွားနေ၍ သုညမှစခဲ့ရသည့် တော်လှန်ရေးမှာ အောင်မြင်မှုကို မြင်နေရပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပြီး ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းလိုက်သည်။

နိုင်ငံတကာအနေဖြင့်လည်း အမှန်တရားဘက်က ရပ်တည်ပေးရန် ယာယီသမ္မတက နှိုးဆော်ခဲ့ပြီး အမှန်တရားဘက်မှ ရပ်တည်ပေးခဲ့သည့် အာဆီယံနိုင်ငံအချို့မှ ခေါင်းဆောင်များကိုလည်း ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အစည်းအဝေးကို ယနေ့ ကျင်းပရာ ယာယီသမ္မတက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်သည် ဆိုးရွာလွန်းသည့် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်မြောက်ပြီ ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းသော စစ်အာဏာရှင် အကြမ်းဖက်သမားများကို ပြည်သူများက ဇွဲရှိစွာဖြင့် လုံ့လဝီရိယမလျှော့ဘဲတွန်းလှန်ခဲ့ကြသည်မှာလည်းတစ်နှစ်ပြည့်ပြီဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးသည် ပြည်သူများအတွက် အတော်ပင်ပန်းဆင်းရဲလှသော်လည်း အရှိန်လျော့မသွားဘဲ ဆက်လက်တွန်းလှန်နေသည့် ပြည်သူများနှင့်အတူ အမြန်ဆုံး အောင်မြင်မှု ရရှိအောင်၊ ပိုမိုအားကောင်းအောင် အားဖြည့်ရင်း ရှေ့ဆက်သွားကြရမည်ဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း လက်ရှိအချိန်သည်တိုင်းပြည်အာဏာကို မတရားလုယူထားသည့် အကြမ်းဖက်သမားများ ထင်ရာစိုင်းနေသည့် ကာလဖြစ်၍ စိတ်မချမ်းမြေ့စရာများ နေ့စဉ်လိုလို ကြားသိနေရသည်ဟု ပြောကြားပြီးအကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ရင်း ကျဆုံးသွားရသည့် မြန်မာပြည်အရပ်ရပ်က သူရဲကောင်းများအတွက် စိတ်ထိခိုက်ရသည်ဟု​ပြောသည်။

အပြစ်မဲ့ပြည်သူကိုပါမရှောင် နည်းမျိုးစုံဖြင့် ဒုက္ခပေးနေခြင်းအပေါ်လည်းစိတ်မကောင်းဖြစ်ရကြောင်း၊မကြာခင်ရက်ပိုင်းအတွင်းက မတရားသဖြင့် သေဒဏ်ချခံလိုက်ရသည့် တော်လှန်ရေးရဲဘော် ၂ ဦးသော ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အပါအဝင် သေဒဏ်ချခံရသည့် တော်လှန်ရေးသမားများအားလုံး အတွက် စိတ်ထိခိုက်ရသည်ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။

တစ်ဘက်ကလည်း တော်လှန်ရေးကို မြန်မြန်အောင်မြင်အောင်လုပ်ရမည်ဆိုသည့် သံဓိဌာန်လည်း ပိုမို ခိုင်မာလာကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ကျဆုံးသွားသည့် သူရဲကောင်းများ၊ မတရားအကျဉ်းချခံနေရသည့် သူရဲကောင်းများ အားလုံးအတွက် ပိုကြိုးစားပြီး အကြမ်းဖက်သမားများကို အမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ တိုက်ပွဲဝင်ကြရမည်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

အာဏာသိမ်းပြီးနောက် တနှစ်လုံးလုံး ပြောစရာစကားမရှိလောက်အောင် ရက်စက် ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများကို ဇွဲကြီးကြီးဖြင့် တွန်းလှန်ရင်း အာဏာရှင်စနစ်အမြစ် ပြတ်နိုင်ရန် ကြိုးစားရုန်းကန် နေကြသူ တစ်ဦးချင်းစီကို လေးစားဂုတ်ပြုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook