Connect with us

Hi, what are you looking for?

LuduNwayOo

News

နယ်စပ်ပေါက်တွေကနေ ပွဲစားတွေက အကျိုးအမြတ်ယူပြီး လစ်ရင်လစ်သလိုသွင်းနေကြတယ်

ထိုင်းဘက်မှာ အဖမ်းအဆီးတွေရှိတာကြောင့် လာရောက်အလုပ်လုပ်ကိုင်မယ်ဆိုရင် ပွဲစားတွေရဲ့ ပြောစကားကို ပဲ မယုံမှတ်ဖို့နဲ့ ထိုင်းနိုင်ငံမှာဖြစ်ပျက်နေတာတွေကို စုံစမ်းမေးမြန်းပြီးမှ လာရောက်ကြဖို့ကိုလည်း ဦးအောင်ကျော်က သတိပေးပါသေးတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာလို့ ဖမ်းခံရသူတွေထဲ မြန်မာနိုင်ငံသားတွေ အများဆုံးပါဝင်နေတယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းခံရသူ စုစုပေါင်းဦးရေဟာ ဖ ၆၀၀၀၀ ကျော်ရှိနေပါတယ်။

ဖမ်းခံရသူတွေဟာ မြန်မာ ၊ ကမ္ဘောဒီးယား ၊လာအိုနိုင်ငံတွေကဖြစ်ပြီး မြန်မာက အများဆုံးပါဝင်တယ်။

ဒီလို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာတာဟာ အာဏာသိမ်းပြီးနောက် မငြိမ်မသက်ဖြစ်နေတဲ့ တိုင်းပြည်မှာ နေထိုင်ရတာ ခက်ခဲလာတာ ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး ကျပ်တည်းလာတာအပြင် လုံခြုံမှုမရှိတော့တဲ့အတွက် ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ရဲ့အကြံပေး ဦးအောင်ကျော်က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အခြားသော အခြေအနေတွေလည်းရှိတယ်လို့ ဦးအောင်ကျော်က ထောက်ပြပါတယ်။
ဒါကတော့ လုပ်သားလိုအပ်ချက်အရ ထိုင်းအစိုးရ ပြည်ပလုပ်သားတွေကို သိန်းနဲ့ချီပြီး ခေါ်ယူဖို့ ရှိတဲ့အကြောင်း ကြေညာထားတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ကိုဗစ်အခြေအနေကြောင့် လုပ်သားတွေခေါ်ယူဖို့အဆင်မပြေတဲ့အခါ ထိုင်းနိုင်ငံထဲကိုရောက်နေတဲ့ ပြည်ပ လုပ်သားတွေကို တရားဝင်ရောက်တာဖြစ်စေ ၊တရားမဝင် ရောက်ရှိနေတာဖြစ်စေ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ကို အချိန်ကာလတစ်ခုသတ်မှတ်ပြီး ခွင့်ပြုပေးခဲ့တာကြောင့်လည်းပါတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ဒီလို ခွင့်ပြုတာကို ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းအစိုးရက ဆောင်ရွက်ခဲ့တာကြောင့် မြန်မာနိုင်ငံသားအတော်များများ တရားဝင်လုပ်သားတွေဖြစ်တယ်လို့ပြောပါတယ်။

ဒါပေမယ့် ပွဲစားတွေက ဒီလိုအခွင့်အလမ်းမျိုး နောက်ထပ်ရှိသေးတယ်ဆိုကာ မက်လုံးပေးပြီး အကျိုးအမြတ်ရယူကာ တရားမဝင်လမ်းကြောင်းကနေ လုပ်သားတွေသွင်းနေတာလို့သိရပါတယ်။
ဘန်ကောက်ပို့စ်သတင်းစာရဲ့ဖော်ပြချက်အရဆို ပွဲစားတွေဟာ လုပ်သားတစ်ဦးကို ထိုင်းဘတ်ငွေ ၁၅၀၀၀ ခွဲက ၂၆၀၀၀ လောက်ထိယူနေကြတာပါ။

ဒါဟာ လက်ရှိငွေကြေးပေါက်ဈေးအရဆို ကျပ် ၈ သိန်းကျော်ကနေ ကျပ် ၁၅ သိန်း နီးပါးရှိနေတာတွေ့ရပါတယ်။

တရားမဝင်လာရောက်လို့ ဖမ်းဆီးခံရရင် လဝကဥပဒေ ၊ ကိုဗစ် စည်းကမ်းချိုးဖောက်မှုတွေနဲ့အရေးယူပြီးမှ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်ပေးတာလို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ရဲ့အကြံပေး ဦးအောင်ကျော်က ပြောပါတယ်။

ဒါပေမယ့် ဖမ်းမိတဲ့ဦးရေများပြားတာ ၊ ဖမ်းမိထားသူတွေကို ဆက်လက်ထိန်းသိမ်းထားရင် အစိုးရ ဘတ်ဂျက်သုံးစွဲရမယ့်အခြေအနေတွေကြောင့် ပြစ်ဒဏ် ကို အပြည့် ချမှာမဟုတ်ဘဲ ထိုက်သင့်တဲ့ကာလမှာ နေရပ်ပြန်ပို့မယ့်အခြေအနေမျိုးဖြစ်တယ်လို့လည်း ဦးအောင်ကျော်က ဆိုပါတယ်။

ထိုင်းဘက်မှာ အဖမ်းအဆီးတွေရှိတာကြောင့် လာရောက်အလုပ်လုပ်ကိုင်မယ်ဆိုရင် ပွဲစားတွေရဲ့ ပြောစကားကို ပဲ မယုံမှတ်ဖို့နဲ့ ထိုင်းနိုင်ငံမှာဖြစ်ပျက်နေတာတွေကို စုံစမ်းမေးမြန်းပြီးမှ လာရောက်ကြဖို့ကိုလည်း ဦးအောင်ကျော်က သတိပေးပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မေလ ၁၀ ရက်နေ့က တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်သွားတဲ့နောက် ရွာသားတချို့က အရဲစွန့်ပြီး နေရပ် ပြန်ကြပေမယ့် လူ ၄၀ ကျော်လောက်ကတော့ လုံခြုံရေး စိတ်မချရသေးတာကြောင့် ထိုင်းပိုင်နက်ဖက်မှာပဲ ဆက်လက် ခိုလှုံနေခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

အထက်ပါအလွတ်သဘောတွေ့ဆုံမှုများကို ထိုင်းနိုင်ငံတဖက်ကမ်း အရေးပါသည့်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။