Connect with us

Hi, what are you looking for?

News

နောင်ချိုမှာ ရွှေဆိုင်ဓားပြတိုက်ခံရ

ဓားပြတိုက်သွားတဲ့ ရွှေတန်ဖိုးမှာ ကျပ်သိန်း၄၀၀၀ခန့်ရှိတယ်လို့သိရပြီး မမိသေးဘူးလို့လည်းသိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် ၊ဘန်ဘွေ့ကျေးရွာ က ရွှေဆိုင်တစ်ဆိုင် ဟာပြီးခဲ့တဲ့ ရက်ပိုင်းက ဓားပြတိုက်ခံလိုက်ရပါတယ်။

ဇန်နဝါရီလ ၂၅ရက် မွန်းလွဲပိုင်း ၂နာရီပိုင်းက ဘန်ဘွေ့ ကျေးရွာ မှာရှိတဲ့ ကျော်ဇောလင်း ရွှေဆိုင်ကိုအိမ်စီးကားအဖြူရောင်တစ်စီးနဲ့ လူ၄ဦးရောက်ရှိလာတာဖြစ်ပါတယ်။

အဲဒီနောက် ရွှေဆိုင်ထဲကို သေနတ်တစ်ချက်ပစ်ဖောက်ပြီး ဆိုင်ထဲက ရွှေထည်တွေကို ယူဆောင်သွားတယ်လို့သိရပါတယ်။

ဓားပြတိုက်သွားတဲ့ ရွှေတန်ဖိုးမှာ ကျပ်သိန်း၄၀၀၀ခန့်ရှိတယ်လို့သိရပြီး မမိသေးဘူးလို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်ခံလိုက်ရတဲ့ရွှေဆိုင်ဟာ ဘန်ဘွေးရဲစခန်းအနီးမှာရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။