Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်၊​ ယောက်သွားအိုင်ရွာကို စစ်​ကောင်စီတပ်အကြမ်းဖက် ပြည်သူနှစ်ဦး​​ကျည်ထိမှန်

“နှစ်ယောက်အပစ်ခံလိုက်ရတယ်ပြောတယ်။ သေတာမသေတာကတော့မသိရသေးပါဘူး။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာသို့ စစ်ကောင်စီတ​ပ်များ ဝင်ရောက်အကြမ်း​ေပစ်ခတ်ရာ​ဒေသခံပြည်သူနှစ်ဦးကျည်ထိမှန်ထားပြီး ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) နံနက် ၁၀နာရီခန့်တွင် ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာသို့ အင်အား သုံးဆယ်ကျော်ပါ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဝင်ရောက်လာခဲ့ပြီး နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာနေပြည်သူအချို့ကိုလည်း ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးစစ်ဆေးနေပြီး ပြည်သူနှစ်ဦးပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

“နှစ်ယောက်အပစ်ခံလိုက်ရတယ်ပြောတယ်။ သေတာမသေတာကတော့မသိရသေးပါဘူး။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

ရွာခံများသည် နံနက်အစောကတည်းကထွက်ပြေးနေရပြီး အကြမ်းဖက်စစ်တပ်သည် ၄၀ မမ လက်နက်ကြီးဖြင့် ဘေးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း၊အကြမ်းဖက်စစ်တပ်နှင့်အတူ ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ပေါက်တောကျေးရွာ၊ သရက်ကန်ရွာများသို့ အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီတပ်က ဝင်ရောက်အကြမ်းဖက်ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့ ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

Facebook