Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့နယ်ရှိ ကျေးရွာနေအိမ်များကို ဖောက်ထွင်းခိုးယူနေသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ပကြဲစံပြကျေးရွာမှ နေအိမ်များကို ဖောက်ထွင်းခိုးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF-B12)က ထုတ်ပြန်သည်။

(KNDF ရဲဘော်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ယနေ့(ဇန်နဝါရီ ၂၉)နံနက် ၈နာရီခန့်က ပကြဲစံပြကျေးရွာအတွင်း ပြည်သူများ၏​နေအိမ်အချို့ကို စစ်ကောင်စီတပ်သားများက ​ဖောက်ထွင်းခိုးယူ​နေ​ကြောင်း ​တွေ့ရှိရသဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦး သေဆုံးပြီး KNDF -B12 မှ ရဲဘော်များ အကျအဆုံးမရှိခဲ့ပေ။

ယနေ့နံနက် ၅ နာရီ ၄၀မိနစ်ခန့်ကလည်း လွိုင်ကော်မြို့၌ စစ်ကောင်စီတပ်၏ သုံးစီးပါယာဥ်တန်းကို မိုင်းဆွဲခဲ့ပြီး တစ်စီးပျက်စီးခဲ့ကြောင်းလည်း KNDF-B12 က ဆိုသည်။ သို့သော် နေရာအတိအကျကို ဖော်ပြမထားပေ။

ယမန်နေ့ကလည်း လွိုင်ကော်မြို့နယ် ကျောင်းကုန်းရွာနှင့် ကုန်းဆွတ်ကျေးရွာအနီး စစ်ကြောင်းထိုးဝင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ဘက်မှ အထိနာခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့နံနက်က ကရင်နီ – ရှမ်း နယ်စပ်ဖြစ်သည့် ဖယ်ခုံမြို့တွင် အကြမ်းဖက်စစ်ကောင်စီကင်းစခန်းကို ပြည်သူ့တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဖယ်ခုံ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook