Connect with us

Hi, what are you looking for?

News

ကချင်ဘက်သို့ အင်အားဖြည့်နေသည့် စစ်ကောင်စီတပ်ကို KIAနှင့် PDF တိုက်ခိုက်

KIAနှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းမြောက်ဒေသတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ KIA တပ်မဟာ(၆) ၊ တပ်ရင်း(၃၆)နယ်မြေ မုံးပေါ်ဒေသ၌ ယနေ့(ဇန်နဝါရီ ၂၉ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးက ဖော်ပြသည်။

▪️ရှမ်းမြောက်တွင်လည်း KIAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကချင်ပြည်နယ်ဘက်သို့ စစ်အင်အားတိုးချဲ့နေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ဖော်ပြ သည်။

KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက တိုက်ပွဲသတင်းများ ယနေ့ ဖော်ပြရာ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်သည်ဇန်နဝါရီ ၂၇ရက်နှင့် ၂၈ရက်က ဟိုပင်နှင့် ပင်းဘော အနီးတဝိုက်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ပါရှိသည်။ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေ အနေများကို ဖော်ပြမထားပေ။

Public Service Announcement

ဟိုပင် PDF၏ ထုတ်ပြန်ချက်အရ ယမန်နေ့က မိုးညှင်းမှ မိုးကောင်းမြို့ဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကိုနေရာ နှစ်ခု၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် ၁၄ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KIAနှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းမြောက်ဒေသတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ KIA တပ်မဟာ(၆) ၊ တပ်ရင်း(၃၆)နယ်မြေ မုံးပေါ်ဒေသ၌ ယနေ့(ဇန်နဝါရီ ၂၉ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးက ဖော်ပြသည်။

စစ်ကောင်စီတပ် ခမရ (၄၂၀)ဟု ယူဆရသည့် လှုပ်ရှားတပ် အင်အား ၆၀ခန့်အဖွဲ့သည် KIA တပ်ဖွဲ့နေထိုင်ရာသို့ ထိုးစစ်ဆင်လာ၍ မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီ ၂၈ရက်ကလည်း KIA တပ်မဟာ(၄)နယ်မြေနှင့် တပ်မဟာ(၁၀) နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် ကိုးကန့်လက်နက်ကိုင်တပ်(MNDAA) တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်က လေကြောင်းသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။