Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖေဖော်ဝါရီ ၁ရက်တွင် Silent Strike နှင့်အတူ Red Campaign တွင်ပါဝင်ကြရန် သပိတ်ကော်မတီများ တိုက်တွန်း

ရန်ကုန်သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီက “တစ်နိုင်ငံလုံးဆွေးဆွေးနီ တော်လှန်ရေးတစ်နှစ်ပြည့်ပြီ”ဟု ကြွေးကြော်ထားပြီး အထွေ ထွေသပိတ်ကော်မတီ(GSC)ကမူ “အလံမလိပ် အသံမတိတ် လူထုလွတ်မြောက်ရေးသပိတ်”နှင့် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိကို “နီတဲ့သွေး ရက်သတ္တပတ်”ဟု ဖော်ညွှန်းထားသည်။

စစ်တပ်အာဏာသိမ်းမှု (၁)နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ရက်တွင် ပြုလုပ်မည့် Silent Strike ​ဖြင့်တော်လှန်ရင်း Red Campaign ၌ ဆက်လက်ပါဝင်ပြီး တော်လှန်ပြည်သူအဖြစ် တာဝန်ကျေပွန်ကြရန် လူထုလှုပ်ရှားမှု သပိတ်ကော်မတီများက တိုက်တွန်းသည်။

ရန်ကုန်သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီက “တစ်နိုင်ငံလုံးဆွေးဆွေးနီ တော်လှန်ရေးတစ်နှစ်ပြည့်ပြီ”ဟု ကြွေးကြော်ထားပြီး အထွေ ထွေသပိတ်ကော်မတီ(GSC)ကမူ “အလံမလိပ် အသံမတိတ် လူထုလွတ်မြောက်ရေးသပိတ်”နှင့် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိကို “နီတဲ့သွေး ရက်သတ္တပတ်”ဟု ဖော်ညွှန်းထားသည်။

“ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မတရားအာဏာသိမ်းမှုတစ်နှစ်ပြည့်အနေနဲ့ Silent Strike ကိုဆင်နွှဲကြမှာဖြစ်သလို စစ်ခွေးများကလည်း ထိုနေ့မှာ စည်ကားစေဖို့၊ ဆိုင်တွေပြန်ဖွင့်စေဖို့ နည်းမျိုးစုံနဲ့ ပြည်သူလူထုကိုဖိအားပေးပြီး အဟန့်အတားဖြစ်ဖို့ပြုလုပ်နေတာကိုတွေ့ကြရမှာဖြစ်ပါတယ်”ဟု ရန်ကုန်သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီက ဖော်ပြသည်။

Silent Strike တွင် ပါဝင်ဆင်နွှဲချိန်မှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းဖြစ်ပြီး အစီအစဥ်မစခင်နှင့် ပြီးဆုံးသောအချိန်များတွင် သွားလာရင်း လမ်းပေါ်သို့ အနီရောင်ဆေးပက်ဖြန်းခြင်း၊ အနီရောင်စက္ကူများကြဲချခြင်း၊ အနီရောင်အရည် (သို့) အမှုန့်များကြဲချခြင်း စသည့်​ပုံစံများဖြင့်လည်း ပါဝင်နိုင်ကြောင်း နှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူလူထုအနေနှင့် Social Media တွင် အနီရောင်ဓာတ်ပုံ Profile များပြောင်းလဲခြင်း၊ အနီရောင် Cover Photo ပြောင်းလဲခြင်း၊ အနီရောင်အဝတ်အစားဖြင့် ဓာတ်ပုံရိုက်တင်ခြင်း အစရှိသောပုံစံများဖြင့် Silent Strike တွင် ပါဝင်နိုင်ကြောင်း တိုက်တွန်းသည်။

GSC ကလည်း “ရဲဘော်တို့ သွေး၊ ချွေး၊ အ သက်၊ ဘ၀ပေါင်းများစွာ ရင်းနှီးထားရပေမယ့် ကျနော်တို့ရဲ့ လူထုလွတ်မြောက်ရေးတိုက်ပွဲက လမ်းတစ်ဝက်မှာပဲ ရှိပါသေးတယ်။ ဒီတိုက်ပွဲကို အဆုံးသတ်နိုင်ဖို့ဆိုရင် အလံတွေကို လွှင့်ပြီး အသံတွေကို ဒီထက် ပိုမြှင့်ဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာ ကျနော်တို့အားလုံး နားလည်လက်ခံထားပါတယ်။ ဒီလို အာဏာသိမ်း တစ်နှစ်ပြည့်မြောက်တဲ့ကာလက ရဲဘော်တို့ ကျနော်တို့ရဲ့တိုက်ပွဲအရှိန်ကို အဘက်ဘက်ကနေ အရှိန်အဟုန်မြှင့်ရမယ့် အချိန်ဖြစ်ပါတယ်”ဟု ထုတ်​ပြန်သည်။

ပြည်သူအပေါင်းအနေဖြင့် စစ်အာဏာရှင်ဖက်ဆစ်လူရမ်းကားများအား ဆန့်ကျင်သည့်​အသံကို ကျယ်လောင်စွာ ဟစ်အော်ဖို့၊ အိမ်တံခါးများကိုဖွင့်ပြီး နားများစွင့်ထားကြရန်နှင့် ထိုရက် သတ္တပတ်အတွင်း တော်လှန်သွေးမအေးကြောင်းပြသမည့် လူထုတစ်ရပ်လုံးပါဝင်နိုင်​သော ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၌ ပါဝင်ရန် တပ်လှန့်ထားသည်

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

သတင်း

ထားဝယ်သပိတ်ကော်မတီဟာ လောင်းလုံးမြို့နယ်ထဲမှာ လူထုစည်းရုံးရေးတွေ ၊စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကိုလုပ်ဆောင်နေတာပါ။

သတင်း

"တသံတည်းညီ တချီတည်းရုန်း"ဆိုသည့် ခေါင်းစဥ်ဖြင့်ပြုလုပ်မည့် အဆိုပါ ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုတိုက်ပွဲကို ဖေဖော်ဝါရီ ၁ရက် နံနက် (၁၀)နာရီမှ ညနေ (၃) နာရီအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးထုတ်ပြန်သည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်သည့် ထောင်တွင်းအစာငတ်ခံဆန္ဒပြခြင်းများနှင့်ပတ်သက်၍ NUCC က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။