Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်သပိတ်ကော်မတီ စည်းရုံးရေးတာဝန်ခံကို ဖမ်းဆီးဖို့ စစ်ကောင်စီဆုငွေထုတ်

ထားဝယ်သပိတ်ကော်မတီဟာ လောင်းလုံးမြို့နယ်ထဲမှာ လူထုစည်းရုံးရေးတွေ ၊စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကိုလုပ်ဆောင်နေတာပါ။

ထားဝယ်သပိတ်ကော်မတီ စည်းရုံးရေးတာဝန်ခံကို ဖမ်းဆီးဖို့ စစ်ကောင်စီဆုငွေထုတ်
ထားဝယ်သပိတ်ကော်မတီ စည်းရုံးရေးတာဝန်ခံကို ဖမ်းဆီးဖို့ စစ်ကောင်စီဆုငွေထုတ်

တနင်္သာရီတိုင်း၊ ထားဝယ် သပိတ်ကော်မတီ ရဲ့ စည်းရုံးရေးတာဝန်ခံ ကိုမင်းလွင်ဦးကို ဖမ်းဆီးဖို့ သတင်းပေးနိုင်ရင် ကျပ်သိန်းသုံးရာ ဆုငွေပေးမယ်လို့ စစ်ကောင်စီက ဒီနေ့ ဧပြီလ ၁၂ ရက်မှာ ကြေညာလိုက်ပါတယ်။

လောင်းလုံးမြို့နယ်ထဲက နေရာအချို့မှာ ကိုမင်းလွင်ဦးကို ဆုငွေထုတ်တဲ့ စာရွက်တွေကို စစ်ကောင်စီဘက်က ဒီနေ့မှာလိုက်လံကပ်ထားတာတွေ့ရတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီကလည်းသတင်းထုတ်ပါတယ်။

ကိုမင်းလွင်ဦးဟာ စစ်တပ်အာဏာသိမ်းနောက် တစ်လအကြာမှာ ပဲ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ မတ်လကလည်းအကြမ်းဖက်ဥပဒေနဲ့အရေးယူထားတဲ့ တရားခံပြေးစာရင်းထဲ စစ်ကောင်စီက ထည့်သွင်းထားတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထားဝယ်သပိတ်ကော်မတီဟာ လောင်းလုံးမြို့နယ်ထဲမှာ လူထုစည်းရုံးရေးတွေ ၊စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကိုလုပ်ဆောင်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook