Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ နှိုးဆော်

“တသံတည်းညီ တချီတည်းရုန်း”ဆိုသည့် ခေါင်းစဥ်ဖြင့်ပြုလုပ်မည့် အဆိုပါ ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုတိုက်ပွဲကို ဖေဖော်ဝါရီ ၁ရက် နံနက် (၁၀)နာရီမှ ညနေ (၃) နာရီအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးထုတ်ပြန်သည်။

နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ နှိုးဆော်
နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ နှိုးဆော်

စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် နွေဦးတော်လှန်ရေး (၂)နှစ်ပြည့်အဖြစ် လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်လုံးကျွတ် အသံတိတ်သပိတ် (Silent Strike) ထပ်မံပုံဖော် ပြလုပ်ကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (ဇန်နဝါရီ ၂၈) တိုက်တွန်း နှိုးဆော်ခဲ့သည်။

“တသံတည်းညီ တချီတည်းရုန်း”ဆိုသည့် ခေါင်းစဥ်ဖြင့်ပြုလုပ်မည့် အဆိုပါ ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုတိုက်ပွဲကို ဖေဖော်ဝါရီ ၁ရက် နံနက် (၁၀)နာရီမှ ညနေ (၃) နာရီအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးထုတ်ပြန်သည်။

“တိတ်ဆိတ်ခြင်းရဲ့ ကျယ်လောင်တဲ့ အသံတွေနဲ့ စစ်အာဏာရှင်ကို ခြောက်ခြား တုန်လှုပ်အောင် အကြိမ်ကြိမ် အခါခါ ပြုလုပ်ပြီးခဲ့ကြပြီးပါပြီ။ လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့ဟာ စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချိန် ၊ ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ချိန်လည်း ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ကမ္ဘာကြီးကို ကျွန်တော်တို့ ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ဖိနှိပ်မှုတွေကြားထဲကပဲ ရရာနည်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြောင်း ထပ်မံမှတ်ကျောက်တင်ဖို့ လိုပါတယ် “ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ဆိုသည်။

အဆိုပါ ဖေဖော်ဝါရီ ၁ ရက် Silent Strike အချိန်တွင် ပြည်သူများအနေဖြင့် အပြင်ကို (လုံးဝ) မထွက်ကြဘဲ မိမိတို့ အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ လမ်းမထက်တွင် လူသူကင်းမဲ့ ခြောက်သွေ့ တိတ်ဆိတ်နေခြင်းဖြင့် စစ်ကောင်စီကို ကြောက်လန့်စေရန်၊ ပြည်သူတစ်ရပ်လုံး သွေးမအေးသေးဘဲ စစ်အာဏာရှင်ကို ဆက်လက် တော်လှန်နေဆဲ ဖြစ်ကြောင်း ပြသရန် တော်လှန်ရေးအင်အားစုများက လူထုအား တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်နေဆဲ ဖြစ်ကြောင်းနှင့် စစ်ကောင်စီက ပြင်ဆင်နေသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကိုလည်း လက်သင့်မခံကြောင်းကိုပါ တပါတည်း ကမ္ဘာသိအောင် ထုတ်ဖော်ပြသနိုင်မည် ဖြစ်ကြောင်းကိုလည်း GSCB က ဆိုသည်။

ထို့​ကြောင့် ပြည်သူများအနေဖြင့် ဖေဖော်ဝါရီ ၁ ရက် Silent Strike တွင် ပူးပေါင်း၍ “တသံတည်းညီ တချီတည်းရုန်း” ရင်း ၂၀၂၃ တော်လှန်နှစ်၏ အဆုံးသတ်အတွက်၊ အဆုံးအဖြတ်အဖြစ် ဆက်လက်တိုက်ပွဲဝင်ကြရန်လည်း တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံခဲ့သည်။

“တော်လှန်ရေး (၂)နှစ်ပြည့်တဲ့အချိန်မှာ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူး ဆိုတာကို ကမ္ဘာသိ၊ မြန်မာသိဆက်လက် ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။ ဒါ့ကြောင့် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ် “ဟု နွေဦးတော်လှန်ရေးသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုတေဇာဆန်းကလည်း ၎င်း​၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...

ဆောင်းပါး

-ဥသြ/People’s Spring “Everything will be OK” အားလုံးအဆင်​ပြေသွားမှာပါ လို့အဓိပ္ပါယ်ရတဲ့အဂ်လိပ်စာတန်း​​လေးကနွေဦးတော်လှန်ရေး အ​စောပိုင်းရက်​တွေမှာ ပြည်သူ​တွေရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့စာသား​လေးဖြစ်ပါတယ်။ ဒီစာသားလေးနွေဦးတော်လှန်ရေးမှာ ပြည်သူ​တွေရင်ထဲ​ရောက်ခဲ့တာအခုဆိုရင် ၅နှစ်ရှိခဲ့ပါပြီ။ ဒီစာသားနဲ့အတူ ချစ်စဖွယ်​ကောင်းပြီး သတ္တိ​ကောင်းလှတဲ့ ကြယ်စင်ဆိုတဲ့ မိန်းက​လေးငယ်ကိုတွဲပြီး မြင်​လာကြမယ်ထင်ပါတယ် ။ Public Service Announcement...