Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရ ပယ်ဖျက်ခံရသည့် တစ်နှစ်ပြည့်တွင် မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း ကုလအတွင်းရေးမှူးချုပ် ထုတ်ပြန်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများ၊ အားလုံးပါဝင်သည့်လူ့အဖွဲ့ အစည်းအတွက် ဒီမိုကရေစီဆန္ဒများနှင့် ရိုဟင်ဂျာများအပါအဝင် အသိုက်အဝန်းအားလုံးကို ကာကွယ်ပေးရေးအတွက် ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - UN

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း ယနေ့(ဇန်နဝါရီ ၃၁ ရက်)ထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များကို တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းကာ ဒီမိုကရေစီနည်းကျရွေးကောက်ခံ အစိုးရကို မြန်မာစစ်တပ်က ပယ်ဖျက်ခဲ့သည့် တစ်နှစ်ပြည့်အတွက် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများ၊ အားလုံးပါဝင်သည့်လူ့အဖွဲ့ အစည်းအတွက် ဒီမိုကရေစီဆန္ဒများနှင့် ရိုဟင်ဂျာများအပါအဝင် အသိုက်အဝန်းအားလုံးကို ကာကွယ်ပေးရေးအတွက် ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့်တစ်နှစ်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ပြင်းထန်လာခြင်း၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ နက်ရှိုင်းလာခြင်း၊ ဆင်းရဲမွဲတေမှု လျင်မြန်စွာ မြင့်တက်လာခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်နက်ကိုင်တပ်ဖွဲ့များနှင့် သက်ဆိုင်သူအားလုံးသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပြီး မြန်မာပြည်သူများသည် လက်တွေ့ကျသောရလဒ်များကို မြင်တွေ့လိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မည်သည့်ဖြေရှင်းမှုမဆို လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခခံစားနေရသူများအားလုံးကို တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းနှင့် အလေးထားနားထောင်ခြင်းတို့ကို အခြေခံရန်လိုအပ်ပြီး ၎င်းတို့၏ အသံကို ကြားယောင်ကာ မြှင့်တင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းအောင်လှိုင်ကိုဧည့်ခံကြိုဆိုတဲ့အိန္ဒိယအစိုးရနိုင်ငံတကာမှာဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်လို့ မရနိုင်ဟု ထုတ်ပြန်

သတင်း

အိန္ဒိယအစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိန္ဒိယ နိုင်ငံသို့ ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီ နိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ-အိန္ဒိယ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။