Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရ ပယ်ဖျက်ခံရသည့် တစ်နှစ်ပြည့်တွင် မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း ကုလအတွင်းရေးမှူးချုပ် ထုတ်ပြန်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများ၊ အားလုံးပါဝင်သည့်လူ့အဖွဲ့ အစည်းအတွက် ဒီမိုကရေစီဆန္ဒများနှင့် ရိုဟင်ဂျာများအပါအဝင် အသိုက်အဝန်းအားလုံးကို ကာကွယ်ပေးရေးအတွက် ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - UN

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း ယနေ့(ဇန်နဝါရီ ၃၁ ရက်)ထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များကို တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းကာ ဒီမိုကရေစီနည်းကျရွေးကောက်ခံ အစိုးရကို မြန်မာစစ်တပ်က ပယ်ဖျက်ခဲ့သည့် တစ်နှစ်ပြည့်အတွက် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများ၊ အားလုံးပါဝင်သည့်လူ့အဖွဲ့ အစည်းအတွက် ဒီမိုကရေစီဆန္ဒများနှင့် ရိုဟင်ဂျာများအပါအဝင် အသိုက်အဝန်းအားလုံးကို ကာကွယ်ပေးရေးအတွက် ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့်တစ်နှစ်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ပြင်းထန်လာခြင်း၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ နက်ရှိုင်းလာခြင်း၊ ဆင်းရဲမွဲတေမှု လျင်မြန်စွာ မြင့်တက်လာခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်နက်ကိုင်တပ်ဖွဲ့များနှင့် သက်ဆိုင်သူအားလုံးသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပြီး မြန်မာပြည်သူများသည် လက်တွေ့ကျသောရလဒ်များကို မြင်တွေ့လိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မည်သည့်ဖြေရှင်းမှုမဆို လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခခံစားနေရသူများအားလုံးကို တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းနှင့် အလေးထားနားထောင်ခြင်းတို့ကို အခြေခံရန်လိုအပ်ပြီး ၎င်းတို့၏ အသံကို ကြားယောင်ကာ မြှင့်တင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။