Connect with us

Hi, what are you looking for?

News

‘နိုင်ငံဆိုတာ လူထုအမိန့်’ သီချင်း ယနေ့အွန်လိုင်းမှ ဖြန့်ချိမည်

“ကျနော့်ဘဝမှာ ပထမဆုံး ဒီလိုရေးဖူး။ တီးဖူး။ ဖန်တီးဖူးတာပါဘဲ။ သီချင်းနာမည်က,,,, ” နိုင်ငံဆိုတာ လူထုအမိန့် “နောင်တစ်ချိန်ကြရင် စိတ်နှစ်ကိုယ်နှစ်လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ orchestra music ပုံစံပါ။ သီချင်းကြာချိန်က ၁၀ မိနစ်ကျော်ပါတယ်။

တော်လှန်ရေးအတွက် လှူဒါန်းမည်ဖြစ်၍ ဝယ်ယူအားပေးကြရန် အဆိုတော်လင်းလင်း မေတ္တာရပ်ခံ

‘နိုင်ငံဆိုတာ လူထုအမိန့်’ သီချင်းကို အာဏာသိမ်းခံရသည့် တစ်နှစ်ပြည့်(ယနေ့)တွင် အွန်လိုင်းမှ ဖြန့်ချိမည်ဖြစ်ပြီး တော်လှန်ရေးအတွက် လိုအပ်သောနေရာများကို ပံ့ပိုးပေးမည်ဖြစ်သောကြောင့် ဝယ်ယူအားပေးကြရန် အဆိုတော်လင်းလင်းက တိုက်တွန်းထားသည်။

“ကျနော့်ဘဝမှာ ပထမဆုံး ဒီလိုရေးဖူး။ တီးဖူး။ ဖန်တီးဖူးတာပါဘဲ။ သီချင်းနာမည်က,,,, ” နိုင်ငံဆိုတာ လူထုအမိန့် “နောင်တစ်ချိန်ကြရင် စိတ်နှစ်ကိုယ်နှစ်လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ orchestra music ပုံစံပါ။ သီချင်းကြာချိန်က ၁၀ မိနစ်ကျော်ပါတယ်။

ဒီသီချင်းလေးကို ကျနော်ဖြစ်ချင်တဲ့ပုံစံနီးပါးဖြစ်ဖို့အတွက် ပြည်တွင်းပြည်ပ မိသားစု ညီအကိုမောင်နှမ အယောက် ၇၀၊၈၀ ဝန်းကျင်နဲ့ အတူတစ်ကွ ကြိုးပမ်းပြင်ဆင်ထားပါတယ်။” ဟု ဖြန့်ချိမည့် သီချင်းနှင့်ပတ်သက်၍ အဆိုတော်လင်းလင်းက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့်မျှဝေထားသည်။

Public Service Announcement

Public Service Announcement

ယင်းသီချင်းကို လင်းလင်းနှင့်အတူ R ဇာနည် ၊ ချစ်သုဝေနှင့် အိသဥ္ဇာမောင်တို့က သီဆိုထားပြီး ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)တွင် Apple Music,Spotify စသည့် Online Music Application များမှဖြန့်ချိပေးမည်ဟု လည်း ရေးသားထားသည်။

“ပြည်တွင်း၊ပြည်ပ မောင်နှမများအားလုံးအနေနဲ့ download ဝယ်ယူပေးကြပါခင်မျာ။ ရရှိသမျှအမြတ်အား လုံးဟာလဲ စီစဉ်ပြင်ဆင်ပေးတဲ့ ရောင်းရင်းမိတ်ဆွေများစွာမှတစ်ဆင့် တော်လှန်ရေးရဲ့လိုအပ်သောနေရာများစွာကို စီးဆင်းသွားမှာ ဖြစ်ပါတယ်ခင်မျာ”ဟု ရေးသားထားသည်။

ယင်းသီချင်းရောင်းရငွေများကို လှူဒါန်းမည်ဖြစ်သောကြောင့် ဖေ့စ်ဘွတ်ခ်၌ ပြန်လည်မျှဝေမှုမလုပ်ကြရန်လည်း လင်းလင်းက မေတ္တာရပ်ခံထားသည်။

“ညီအကိုမောင်နှမ များစွာရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံ (၂၀) လောက်ရဲ့ ဘာသာစကားနဲ့လဲ စာသားတစ်ကြောင်းရွတ်ဆိုမှုကို ဖန်တီးထည့်သွင်းနိုင်ခဲ့ပါတယ်။
အဲဒီစာသားကိုဘဲ ကျနော်ချစ်ခင်လေးစားရတဲ့ အမကြီး မနီလာသိန်း၊မဖြူဖြူသင်း တို့အပြင်မြေပြင် အဖွဲ့သားအချို့နဲ့ ပြည်တွင်းပြည်ပ ရောင်းရင်းများရဲ့ ရွတ်ဆိုမှုကိုလဲ ထည့်သွင်းပြင်ဆင်နိုင်ခဲ့ပါတယ်။”ဟု သီချင်းတွင်ပါဝင်မည့် ထူးခြားချက်တစ်ခုကို ၎င်းက ရေးသားထားသည်။

အဆိုပါသီချင်း၏ Music Video ကို လွန်ခဲ့သည့်3D ၊ 2D ပုံစံဖြင့်ဖော်ပြနိုင်ရန် လွန်ခဲ့သည့်နှစ်လခန့်ကတည်းက Animator များနှင့် ပြင်ဆင်နေပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖြန့်ချိနိုင်ရန် ရည်ရွယ်ထားသော်လည်းဖြည့်ရမည့် အရာများရှိသောကြောင့် တစ်လခန့် အချိန်ထပ်ယူရမည်ဖြစ်ကြောင်း Music Video ဖြန့်ချိမည့် အပိုင်းနှင့် ပတ်သက်၍ လင်းလင်းက ပရိသတ်များကို အသိပေးထားသည်။

လင်းလင်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၁၀ရက်(အသံတိတ်သပိတ်)ဆင်နွှဲကြသည့်နေ့ကလည်း အဆိုတော် R ဇာနည်နှင့်အတူသီဆိုထားသည့် ‘နောက်ဆုံးဖြစ်ရမယ်’ သီချင်းကို ဖြန့်ချိပေးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာ‌ကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

သတင်း

Theatre 21 (ပြဇာတ်၂၁)လို့အမည်ပေးထားတဲ့ ခြောက်ခွေမြောက် တကိုယ်တော်ခွေကို လာမယ့် အောက်တိုဘာ ၂ ရက်မှာ ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင်လင်းလင်းက အသိပေးထားပါတယ်။