Connect with us

Hi, what are you looking for?

News

မိမိကိုယ်ကိုမီးရှို့ပြီး ဆန္ဒပြခဲ့သည့် ကျဆုံးသူရဲကောင်း၏ မိသားစုကို ကူညီဖေးမရန် ကျောက်ပန်းတောင်း(ပအဖ) တိုက်တွန်း

စစ်အာဏာရှင်ကို အမြစ်ပြတ် ဖြုတ်ချပြီး တိုင်းရင်းသားအားလုံးနှင့် တကွ အများပြည်သူများ၏ အခွင့်အရေးများကို တိုးတက်ကောင်းမွန်စေမည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု သစ် ဆီသို့ အမြန်ဆုံးရောက်ရှိအောင် တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

(မီး​​လောင်ဒဏ်ရာများနှင့်ကို​အောင်​အောင်ကို သယ်ယူရန် ပြင်ဆင်​နေကြစဥ် ။ ဓါတ်ပုံ-CJ)

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သည့်အနေဖြင့် မိမိကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သည့် ကျဆုံးသူရဲကောင်း တစ်ဦးဖြစ်သူ ကိုအောင်အောင်၏ ကျန်ရစ်သူဇနီးနှင့် သားမီးများကို ကူညီဖေးမစောင့်ရှောက်ကြရန် ကျောက်ပန်းတောင်းမြို့နယ်သူ မြို့နယ်သားများအား တိုက်တွန်းကြောင်း ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့ထုတ်ပြန်သည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ် ခေါ် ကိုအောင်အောင်သည် ဖေဖော်ဝါရီ ၁ရက်တွင် ကျောက်ပန်းတောင်း လျှပ်စစ်ရုံးရှေ့တွင် မိမိကိုယ်ကိုယ် မီးရှို့၍ ဆန္ဒပြခဲ့သည်။ ကိုအောင်အောင်သည် “အများပြည်သူ ပြည်သားများ ၂၄နာရီ မီးလင်းပါစေ ၊ ၂၀၀၂ ၊၂၀၀၂ ကို ပြန်မသွား” ဟူ၍ စာရေးသား၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအား ပြတ်ပြတ်သားသား ဆန့်ကျင်ရာတွင် အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းတွင်မှ အဆုံးစွန်ဆုံးသောနည်းလမ်းအား ရွေးချယ်ထုတ်ဖော်သွားခဲ့သော ကိုအောင်မြင့်မြတ် (ခ)ကိုအောင်အောင် အတွက် များစွာ ကြေကွဲဝမ်းနည်းရသည်ဟု ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ကိုအောင်မြင့်မြတ်(ခ) ကိုအောင်အောင်အား ကျောက်ပန်းတောင်းမြို့ နွေဦးတော်လှန်ရေး၏ အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ တော်လှန်ရေး အင်အားစုများ အနေဖြင့် ကိုအောင်မြင့်မြတ် (ခ) ကိုအောင်အောင် ၏ ဆန္ဒ အချည်းနှီးမဖြစ်စေရဟု ကတိကဝတ်ပြုကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ကို အမြစ်ပြတ် ဖြုတ်ချပြီး တိုင်းရင်းသားအားလုံးနှင့် တကွ အများပြည်သူများ၏ အခွင့်အရေးများကို တိုးတက်ကောင်းမွန်စေမည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု သစ် ဆီသို့ အမြန်ဆုံးရောက်ရှိအောင် တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

၈၈မျိုးဆက်​ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ကိုအောင်အောင် အတွက် ကဗျာရေးသား၍ ဂုဏ်ပြုခဲ့သည်။

“ဒီမြေကို ချစ်ခြင်းအတွက်၊
ကိုယ့်ခန္ဓာကိုယ်၊ လောင်ကျွမ်းခံပြနေချိန်မှာ
ချစ်သော ကမ္ဘာကြီးရေ
မြင်ကြား ခံစားတက်ရဲ့လားလို့ သူမေးသွားမှာပဲ

ချစ်သော ပြည်သူတွေ ထိုက်တန်ရဲ့လားလို့
သူမေးသွားမှာပဲ”

ဟု ဦးမင်းကိုနိုင်က ရေးသားဂုဏ်ပြုထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်ထဲက အင်ပင်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ရွာပြင်မှာစွန့်ပစ်ထားခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။