Connect with us

Hi, what are you looking for?

News

မိုးညှင်းမြို့နယ်ရှိ ​မော်ဟန်ရဲစခန်းကို KIAနှင့် PDF တိုက်ခိုက်သိမ်းပိုက်

“ပြည်သူ့ဘက်တော်သားတွေ(ကေအိုင်​အေနှင့် PDF) နိုင်တယ်။ စစ်ခွေးဒေါက်တိုင် စခန်းမှုးနဲ့ တပ်ကြပ်တစ်ယောက် သေတယ်ကြားတယ်။ လက်နက်တွေလည်း သိမ်းမိတယ်”ဟု မိုးညှင်းPDFနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

▪️စခန်းမှူးနှင့်တပ်ကြပ်သေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ရဲစခန်းတစ်ခုကို KIAနှင့် PDFတို့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွင် စခန်းမှူးနှင့် တပ်ကြပ်တစ်ဦး သေဆုံးခဲ့သည်။

မိုးညှင်းမြို့မှ (၁၆) မိုင်ခန့်ဝေးသော မော်ဟန်နယ်မြေရဲစခန်းကို KIAနှင့် PDFပူးပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၃ရက်)နံနက် ၄နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့ဘက်တော်သားတွေ(ကေအိုင်​အေနှင့် PDF) နိုင်တယ်။ စစ်ခွေးဒေါက်တိုင် စခန်းမှုးနဲ့ တပ်ကြပ်တစ်ယောက် သေတယ်ကြားတယ်။ လက်နက်တွေလည်း သိမ်းမိတယ်”ဟု မိုးညှင်းPDFနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

KIAနှင့် PDFက မော်ဟန်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် စခန်းအားမီးရှို့ဖျက်ဆီးခဲ့သည်။ မိုးညှင်းမြို့နယ်ရှိ စစ်ကောင်စီ​ထောက်တိုင်များကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ရဲစခန်းအားသိမ်းပိုက်ခဲ့ခြင်းနှင့် ပတ်သက်၍”CDMလုပ်ပါလို့အတန်တန်ကြေညာနေပါလျက် ရဲထဲကမထွက်ချင်မှတော့ ခံပေဦးတော့ ရဲခွေးတို့ရေ။မော်ဟန်ရဲစခန်းရဲ့အခြေအနေကတော့ သိပ်တောင်အားမစိုက်လိုက်ရဘူးကွာ”ဟု မိုးညှင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာက ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် KIAနှင့် PDFတို့ လက်တွဲညီစွာဖြင့် စစ်ကောင်စီအား ဖိအားပေးတိုက်ပွဲဝင်နေသည်။

မိုးညှင်းမြို့နယ်တွင် ပါဝင်သော ဟိုပင်မြို့ရှိ မြို့အဝင်၊အထွက်ဂိတ်တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်နှင့်လက်အောက်ခံဝန်ထမ်းများကိုလည်း ဟိုပင်PDFက ပြီးခဲ့သည့်ရက်အနည်းငယ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

ဖေ​ဖော်ဝါရီ ၁ ရက်​ကလည်း ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယာန် ​ကျေးရွာမှ စစ်​ကောင်စီတပ်စခန်းတစ်ခုကို ​KIAနှင့် PDF​ ပူးပေါင်းကာ တိုက်ခိုက်သိမ်းယူပြီး မီးရှို့ဖျက်ဆီး​ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။