Connect with us

Hi, what are you looking for?

News

ဇန်နဝါရီလတွင် ချင်းပြည်နယ်အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ် ၂၀၀ခန့်သေဟု CJDCထုတ်ပြန်

အဆိုပါတိုက်ပွဲများ၌ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၈ဦးကျဆုံးပြီး ၂၀ဦးဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၁၃ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

● ချင်းပြည်နယ်တွင် ကိုးလ​ကျော်အတွင်းစစ်​ကောင်စီတပ် ၁၂၂၅ ဦး​သေဆုံး

ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC) အဖွဲ့ဝင် ချင်းလက်နက်ကိုင်တပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဇန်နဝါရီလအတွင်း တိုက်ပွဲ ၇၁ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၉၇ဦး သေဆုံးကြောင်း CJDFက ယနေ့ ထုတ်ပြန်သည်။

CJDCအဖွဲ့ဝင် တပ်များနှင့် စစ်ကောင်စီတပ်တို့သည် ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တိုက်ပွဲ ၁ကြိမ်၊ ဖလမ်းတွင် ၁၃ကြိမ်၊ မင်းတပ်တွင် ၁၄ကြိမ်၊ မတူပီတွင် ၂၉၊ ကန်ပက်လက်တွင် ၃ကြိမ်၊ တီးတိန် ၈ကြိမ်၊ တွန်းဇံတွင် ၂ကြိမ်၊ ပလက်၀တွင် ၁ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်။ အဆိုပါ တိုက်ပွဲ အရေအတွက်တွင် တိုက်ပွဲငယ်များ စာရင်းကို ထည့်သွင်းထားခြင်းမရှိကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲများ၌ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၈ဦးကျဆုံးပြီး ၂၀ဦးဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၁၃ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှာ ၁၉၇ဦးသေဆုံးပြီး ၆၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊စစ်ကောင်စီဘက်မှ ဒဏ်ရာရ စာရင်းသည် ပိုမိုများပြားနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။

ငြိမ်းချမ်းစွာဆန္ဒပြ​သောပြည်သူများကို စစ်​ကောင်စီကပစ်ခတ်သတ်ဖြတ်အကြမ်းဖက်ခဲ့သဖြင့် ချင်းပြည်နယ်တွင် ၂၀၂၁ ​ဧပြီ ၂၄ ရက်မှစ၍ ပြည်သူများက ရရာလက်နက်ဆွဲကိုင်၍ ၊ချင်းတိုင်းရင်းသားလကွနက်ကိုင်အဖွဲ့များထံစစ်ပညာသင်ယူတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ လကုန်အထိ့ စစ်​ကောင်စီတပ်မှ ၁၀၂၈ ဦး​သေဆုံးခဲ့သည်။ထို​ကြောင့် ဧပြီ လမှ ဇန်နဝါရီလကုန်အထိ့ချင်းပြည်နယ်တစ်ခုတည်းတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၂၂၅ ဦး​သေဆုံးခဲ့ပြီး ရာ​ပေါင်းများစွာဒဏ်ရာရရှိခဲ့သည်။

ချင်းလက်နက်ကိုင်အဖွဲ့များ ၊ပြည်သူ့ကာကွယ်​ရေးတပ်များမှ စုစု​ပေါင်း ၇၅ ဦး ပြည်သူနှင့် နိုင်ငံ​​တော်အတွက် အသက်​ပေးလှူခဲ့ရသည်။ ထိုအပြင် အကြမ်းဖက်စစ်​ကောင်စီတပ်များ၏ ပစ်ခတ်သတ်ဖြတ်မှု​ကြောင့် ပြည်သူ ၄၀ ​သေဆုံးခဲ့​ကြောင်း CJDC ကထုတ်ပြန်သည်။

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီများသည် ချင်းပြည်နယ်အား အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်း ၎င်းတို့၏ ထိုးစစ်ဆင်မှုအား ချင်းအမျိုးသားတပ်မတော်(CNA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ၊ ပူးပေါင်းတပ်ဖွဲ့များ ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

CJDF ကို ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ်ရေးတပ်(CDF) အပါအဝင် ချင်းပြည်နယ် ဒေသအသီးသီးရှိ ကာကွယ်ရေးတပ်များ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။