Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ စစ်ကောင်စီတပ်က စစ်ရေးအင်အားနဲ့ ရိက္ခာဖြည့်စည်းတာတွေလုပ်နေ

ကတိုင်တိဒေသမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအများအပြား ရောက်ရှိနေတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ကေအဲန်ယူ-ဖာပွန်ခရိုင် တပ်မဟာ ၅ ပြောခွင့်ရသူ ပဒိုမန်းမန်းကတော့ အခုလိုပဲပြောဆိုထားပါတယ်။

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ဖာပွန်ခရိုင်ထဲကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ အခုရက်ပိုင်းအတွင်း စစ်ရေးအင်အားဖြည့်ဆည်းမှုနဲ့ ရိက္ခာပို့ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ဖေဖေါ်ဝါရီ ၂ ရက်က မြိုင်ကြီးငူကနေတစ်ဆင့် ကမမောင်းဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိလာနေပြီး အဲ့ဒီတပ်ဖွဲ့တွေဟာ ကမမောင်းကနေတစ်ဆင့် ကတိုင်တိဒေသဘက်ကို ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ နယ်မြေခံတွေကပြောကြပါတယ်။

ကတိုင်တိဒေသမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကတိုင်တိ-ဖာပွန်ကားလမ်းမအတိုင်း ဖာပွန်ဘက်ကို တက်ရောက်ဖို့ရှိနိုင်ပြီး ဒီလို စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပါက စစ်ရေးတင်းမာမှုတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

ကတိုင်တိဒေသမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအများအပြား ရောက်ရှိနေတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ကေအဲန်ယူ-ဖာပွန်ခရိုင် တပ်မဟာ ၅ ပြောခွင့်ရသူ ပဒိုမန်းမန်းကတော့ အခုလိုပဲပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့တွေ တစ်နိုင်ငံလုံးက စစ်ရေးတိုးချဲ့မှုတွေ လုပ်ရမယ်ဆိုတာ အဲဒီသဘောပါပဲ။ အဲ့ဒီအတွက် အထူးတလည်လည်း ပြောစရာတော့ သိပ်မလိုတော့ဘူးထင်တယ်။ ဘာလို့လည်းဆိုတော့ သူတို့လည်းပဲ စစ်ရေးတိုးချဲ့မှုတွေပြင်ထားတာ ကျနော်တို့သိထားပြီးသားလည်းဖြစ်တယ် ကနဦးကတည်းကပေ့ါနော်” လို့ ပဒိုမန်းမန်းကပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲကတော့ လက်ရှိအခြေအနေမှာ စစ်ကောင်စီဟာ တပ်မဟာ ၅ နယ်မြေကို အကြီးအကျယ်ထိုးစ်ဆင်ဖို့ စီစဉ်နေပြီး လက်ရှိမှာလည်း တပ်အင်အားနဲ့ ရိက္ခာတွေကို ကြိုးစားပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Salween Press မှာ ဖော်ပြထားတာပါ။

ဖာပွန်ခရိုင်ထဲမှာ ဇန်နဝါရီလ တလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၂၀၀ နီးပါးသေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ တပ်မဟာ ၅ တို့အကြား တိုက်ပွဲတွေဟာ နေ့စဉ်လိုလိုဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံအရပ်သားပြည်သူတွေ သေဆုံးမှုရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ပေးရဦီးမယ်နော်။ ဟိုတယ်က ကိုယ်ရွေးတဲ့အပေါ်မူတည်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်