Connect with us

Hi, what are you looking for?

News

NUGက ပကဖ နှင့် ပအဖကို​အခွန်ကောက်ခံခွင့်၊ ခွဲ​ဝေသုံးစွဲခွင့်ပြု​သော မူဝါဒကိုထုတ်ပြန်

အခွန်ခွဲဝေရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က အခွန်ကောက်ခံရရှိမူ၏ ၃၀ ရာခိုင်နှုန်းကို စီမံခွင့်ရပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ၃၀ ရာခိုင်နှုန်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၄၀ ရာခိုင်နှုန်း စီမံခွင့်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

ကြားကာလအတွင်းအခွန်ကောက်ခံမှုများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များကို အခွန်​ကောက်ခံခွင့်ပြုထားပြီး ၊အခွန်ရ​ငွေ၏ ၇၀ ရာခိုင်နှုန်း ခွဲဝေသုံးစွဲခွင့်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)က ထုတ်ပြန်ကြေညာလိုက်သည်။

NUGက ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်းနှင့်မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒကို ယနေ့(ဖေဖော်ဝါရီ ၆ရက်)တွင်ထုတ်ပြန်​ကြေညာလိုက်သည်။ အမျိုးသားညီညွတ်​ရေးအတိုင်ပင်ခံ​ကောင်စီ(NUCC ) အဖွဲ့ဝင်များ ​အတူတစ်ကွ ရေးဆွဲပြင်ဆင်သ​ဘောတူထား​သော ဖက်ဒရယ်ဒီမိုက​ရေစီပဋိညာဥ်၏အစိတ်အပိုင်း (၁) ၊အခန်း( ၄) ၊အပိုင်း (၃) ၏ ဘဏ္ဍာ​ရေးဆိုင်ရာ ဖက်ဒရယ်စနစ် စာပိုဒ် (၁၈) ၊ (၁၉) အရ မူဝါဒချမှတ်ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

အခွန်ခွဲဝေရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က အခွန်ကောက်ခံရရှိမူ၏ ၃၀ ရာခိုင်နှုန်းကို စီမံခွင့်ရပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ၃၀ ရာခိုင်နှုန်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၄၀ ရာခိုင်နှုန်း စီမံခွင့်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

အခွန်ကောက်ခံရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ကိုယ်တိုင်ကောက်ယူခြင်းနှင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)များ တဆင့်အခွန်ကောက်ခံခြင်းများကို ဆောင်ရွက်မည်ဟု​ဖော်ပြထားသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အခွန်ကောက်ခံရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနနှင့်ညှိနှိုင်းကောက်ခံရမည်ဟုလည်း သတ်မှတ်ထားသည်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုအစိုးရသည် အခွန်ရရှိငွေ၏ ၁၀ ရာခိုင်နှုန်းကို ဒေသအချင်းချင်းမျှဝေသုံးစွဲခြင်း ကဏ္ဍတွင် အကောင်အထည်ဖော်ရမည်ဟုလည်း ပါရှိသည်။

ပြည်သူအုပ်ချုပ်ရေးအဖွဲ့များသည် ကောက်ခံရရှိငွေ၏ ၁၀ ရာခိုင်နှုန်းကို လူသားချင်းစာနာထောက်ထားကဏ္ဍမျှဝေသုံးစွဲရေးကဏ္ဍအတွက် အကောင်အထည်ဖော်ရမည်ဟုသတ်မှတ်ထားသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အခွန်ရရှိငွေ ၂၀ ရာခိုင်နှုန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောက်ရှောက်ရေးအပါအဝင် ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် သုံးစွဲရမည်ဟုလည်းပါရှိသည်။

“NUGက အစိုးရယန္တယားခိုင်မာအောင် တည်ဆောက်ဖို့ မူချပေးလိုက်တာလို့မြင်တယ်။ ဒါ​ပေမယ့် အခွန်ကိုဘယ်လို ပုံစံနဲ့ကောက်မလဲဆိုတာ ကြည့်ရပါဦးမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားများကို အမျိုးသားညီညွတ်ရေးအစိုးရသတ်မှတ်ချက်တိုင်းဖြစ်ရမည်ဟုလည်းပြဌာန်းထားသည်။ အခွန်ကောက်ခံရာနှင့် မျှဝေသုံးစွဲခြင်းတို့တွင်လည်း တာဝန်ယူမူ၊ တာဝန်ခံမူရှိရမည်ဟုလည်း ဆိုထားသည်။

အထက်ပါအခွန်ဆိုင်ရာမူဝါဒသည် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ သက်တမ်းအတွင်းသာ အကျုံးဝင်သည်ဟု​ပြဌာန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။