Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်နှင်ဒဏ်ပေးခံရမယ့်မြန်မာအမျိုးသား ထိုင်းအချုပ်ခန်းထဲမှာ ကြိုးဆွဲချသွား

အဆုံးစီရင်သွားတဲ့မြန်မာအမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းက ထိုင်းနိုင်ငံထဲတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းခံရချိန်မှာ မူးယစ်ဆေးဝါးကိုလည်းလက်ဝယ်တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးခံရလို့ ပြည်နှင်ဒဏ်ပေးခံရမယ့် မြန်မာနိုင်ငံသားတစ်ဦးဟာ ထိန်းသိမ်းထားတဲ့ ရဲစခန်းမှာ ကြိုးဆွဲချသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ ဖရာပရာဒန် ခရိုင် ရဲစခန်းမှာ မနေ့က မနက်အစောပိုင်းဖြစ်ပွားခဲ့တာပါ။ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေသွားတဲ့ မြန်မာအမျိုးသားဟာ အသက် ၃၅ နှစ်ရှိပါပြီ ။

အဆုံးစီရင်သွားတဲ့မြန်မာအမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းက ထိုင်းနိုင်ငံထဲတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းခံရချိန်မှာ မူးယစ်ဆေးဝါးကိုလည်းလက်ဝယ်တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။

အဲဒီနောက် ပြည်နှင်ဒဏ်ပေးဖို့ သူ့ကို ရဲစခန်းမှာထိန်းသိမ်းထားတာပါ။ မနေ့က မနက်ပိုင်း ၂ နာရီခွဲလောက်မှာတော့ ရဲစခန်း တာဝန်ကျကင်းသမားက အချုပ်ခန်းကိုသွားကြည့်ရာမှာ ဘောင်းဘီရှုံ့ကြိုးသုံးကာ ကြိုးဆွဲချ သေဆုံးသွားတာကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အလောင်းကို စစ်ဆေးမှုတွေလုပ်ပြီး ဘန်ချက်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ဒါပေမယ့် အခင်းဖြစ်တဲ့နေရာ ဝန်းကျင်ကို လုံခြုံရေးကင်မရာဟာလွှမ်းခြုံမှုမရှိတာကြောင့် စစ်ဆေးမှုတွေလုပ်သွားမယ်လို့ လည်းသိရပါတယ်။

ကနဦးအနေနဲ့ မြန်မာအမျိုးသားဟာ စိတ်ဖိစီးမှုတွေ ဒဏ်ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ကောက်ချက်ချထားကြပါတယ်။

(မြန်မာအမျိုးသားကြိုးဆွဲချသွားတဲ့အချုပ်ခန်းကို ထိုင်းရဲတပ်ဖွဲ့ဝင်တွေစစ်ဆေးနေစဉ်)

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။