Connect with us

Hi, what are you looking for?

News

ရှင်ပြုနားသ အလှူ​တော်နှင့်အတူ စစ်အာဏာရှင် ဆန့်ကျင်​ရေးဆန္ဒထုတ်​ဖော်

“တစ်နယ်လုံးက စစ်တပ်ကို မုန်းနေပြီ။ နိုင်ငံတော်ပြန်လွတ်လပ်ရေးနဲ့ အမေစုတို့အားလုံး ပြန်လွတ်ရေးအတွက် ရရာနည်းနဲ့ တိုက်နေကြတာ။ အလှူက လူအရမ်းညီသလို အရမ်းစည်ကားခဲ့တာ။ သပိတ်စစ်ကြောင်းကလည်း လူအရမ်းများတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကနီမြို့နယ်တွင် ဒေသခံများက ရှင်ပြုနားသအလှုမင်္ဂလာပွဲကျင်းပရင်း ရှင်​လောင်းလှည့်စဥ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်​ကြောင်းပါတစ်ပါတည်းချီတက်၍ ဆန္ဒထုတ်ဖော်ကြသည်။

ယနေ့(ဖေဖော်ဝါရီ ၁၀ရက်) ကနီမြို့နယ်၊ကျေးရွာတစ်ခုတွင် ဒေသခံများက ဒေသဓလေ့နှင့် ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုအရ ၎င်းတို့၏ သားသမီးများကို ကိုရင်ဝတ်ပေးခြင်းနှင့် သီလရှင်ဝတ်ပေးခြင်းအတွက် အလှုုပွဲကျင်းပရင်း ၊ စစ်အာဏာရှင်စနစ်ပြုတ်ချ​ရေးသပိတ်စစ်​ကြောင်းနှင့်ပါပူး​ပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်​ဖော်ခဲ့ခြင်းဖြစ်သည်။

“တစ်နယ်လုံးက စစ်တပ်ကို မုန်းနေပြီ။ နိုင်ငံတော်ပြန်လွတ်လပ်ရေးနဲ့ အမေစုတို့အားလုံး ပြန်လွတ်ရေးအတွက် ရရာနည်းနဲ့ တိုက်နေကြတာ။ အလှူက လူအရမ်းညီသလို အရမ်းစည်ကားခဲ့တာ။ သပိတ်စစ်ကြောင်းကလည်း လူအရမ်းများတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကနီမြို့နယ်နှင့် ထိစပ်ရာ ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးခြင်း၊ စစ်အင်အားတိုးခြင်းများဆက်တိုက်ပြုလုပ်နေသည့်ကြားမှ အထက်ပါ သပိတ်စစ်ကြောင်းကို ဒေသခံများက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားဖူးသည့် ” ပြည်သူသာလျှင်အဓိက” ဟု ရေးသားထားသောစာနှင့် အတိုင်ပင်ခံ၏ ဓာတ်ပုံ ဗီနိုင်းကိုပါ ကိုင်စွဲကာ ရှင်ပြုနားသအလှူပွဲတွင် လှည့်လည်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင် ဝင်မနားနှင့်ပလူစကရွာသို့ ရဟတ်ယာဥ်ဖြင့် အင်အားတိုးချထားပြီး ခြေလျင်စစ်ကြောင်းများဖြင့် ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေသည်ဟု ကနီမြို့ဒေသခံများကပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၀)ရက်တွင် ကနီမြို့ကနဲရွာအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အရပ်သားလေးဦးဒဏ်ရာရကာ ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ရသည်။

ကနီမြို့နယ်အပြင် ဒေသချင်းထိစပ်မြို့များဖြစ်သော ဒီပဲယင်း၊ ဘုတလင်၊ မင်းကင်း၊တန့်ဆည်၊ယင်းမာပင်မြို့နယ်များအပါအဝင် စစ်ကိုင်းတိုင်းသည် ရရာလက်နက်ဆွဲကိုင်၍ စစ်အာဏာရှင်ကို ခုခံ​တော်လှန်​ရေးတွင်ဦး​ဆောင်​နေ​​သော​ဒေသများထဲမှ တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်လာပို့တောင်ရွာက ရှင်ပြုအလှူပွဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတဲ့ပြည်သူ တွေနောက်ကို ဒရုန်း တွေနဲ့ဗုံးထပ်ကြဲတာ​ကြောင့် ကျောင်းထိုင်ဆရာတော် နဲ့မောင်ရှင်​လောင်းတွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာမို့ ပြည်သူတွေ သေဆုံးခဲ့ပြီး ဒေသခံတွေဟာ ကျေးရွာအတွင်း မအိပ်ရဲဘဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

သတင်း

စစ်ကောင်စီစစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှာ ဆေးကြောင်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​​တွေကို ကာကွယ်ရေးတပ်တွေဖမ်းမိခဲ့ပါတယ်။