Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်ကမ်းပြိုမှာစိုးလို့ ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ကနီမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့ သတိပေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ပါတယ်။

ကနီမြို့နယ်မှာ မနှစ်က ချင်းတွင်းမြစ်ကမ်းပါး ပြိုကျနေစဥ် ဓာတ်ပုံ-Pyae Aung Naing

ဖေဖော်ဝါရီ-၁၁၊ ၂၀၂၆ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ပါတယ်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းရှင် တချို့ဟာ ရွှေမျှောလုပ်ငန်းများ လုပ်ကိုင်နေကြောင်းနဲ့ ဆက်လက် လုပ်ကိုင်နေပါက မြစ်ကမ်းပါးရှိကျေးရွာတွေ ကမ်းပါးပြိုမှုအန္တရာယ် ကျရောက်နိုင်ကြောင်း၊ ဒါ့အပြင် ခရီးသွား ပြည်သူနဲ့ကုန်သည်တွေ ရေကြောင်းကြပ်တည်းမှုနဲ့အတူ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေခြင်း (သို့မဟုတ်)ဂေဟစနစ်ပျက်စီးခြင်းတွေ ပိုမိုကြုံလာရနိုင်တ​ယ်လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က မနေ့က ဖေဖော်ဝါရီ ၁၀ရက်က ထုတ်ပြန် အသိပေးပါတယ်။

ဒါ့ကြောင့် ကနီမြို့နယ်က ချင်းတွင်းမြစ်ကြောင်းအတွင်းနဲ့ ချင်းတွင်းမြစ်ကြောင်း လက်ဝဲ၊လက်ယာ ပေ(၁၅၀) အတွင်း ရွှေမျှော လုပ်ငန်း လုပ်ကိုင်မှု မပြုလုပ်ဖို့နဲ့ ပြုလုပ်နေတာကို တွေ့ရှိပါက ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ အထက်ပါအဖွဲ့က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကနီမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့ကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကမ်းပါးပြိုကျလို့ ကုန်ထုတ်လမ်းတွေ၊ လူနေအိမ်နေရာတွေ၊ ဘုရားစေတီပုထိုးတွေ ပျက်စီးဆုံးရှုံးတာတွေရှိနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

“ချင်းတွင်းမြစ်ရေကြောင်းက အခုကမ်းပါးပြိုတဲ့နေရာတွေဘက်ကပ်လာတော့ မြစ်ရဲ့ မြေအောက်ရေကြောင်း စိမ့်ရေကြောင့် လှိုက်စားပြီး ကမ်းပါးအက်ကြောင်းတွေ လှိုက်စားလာတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက ကနီမြို့နယ်၊ ကနဲရွာနဲ့ ညောင်ဝန်းရွာဘက်တွေမှာ ချင်းတွင်းမြစ်ကမ်းပါးပြိုကျတာတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ ကမ်းပါးပြိုကျတာတွေဟာ ချင်းတွင်းမြစ်အပြင် ဧရာဝတီမြစ်ကြောင်းမှာလည်း ပြိုကျတာတွေ ဖြစ်ပွားနေပါတယ်။ ယခင်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို မြစ်ကြောင်းဖွံဖြိုးရေးဦးစီးဌာနက လုပ်ပေးခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။