Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်၊နတ်လာပို့ရွာအလှူကိုစစ်တပ်က လက်နက်ကြီးနဲ့ပစ် ၊ဒရုန်းနဲ့ဗုံးကြဲလို့ကျောင်းထိုင် ဆရာတော်၊​မောင်ရှင်​လောင်းအပါအဝင် ၇ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်လာပို့တောင်ရွာက ရှင်ပြုအလှူပွဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတဲ့ပြည်သူ တွေနောက်ကို ဒရုန်း တွေနဲ့ဗုံးထပ်ကြဲတာ​ကြောင့် ကျောင်းထိုင်ဆရာတော် နဲ့မောင်ရှင်​လောင်းတွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

(နတ်လာပို့ ​တောင်ရွာ ၊​မြောက်ရွာကို​ Google Earth မြေပုံ​ပေါ်မှာ​တွေ့ရစဥ်။

■ဒဏ်ရာရသူအများအပြားရှိပြီး ၂ ဦးမှာ​ဆေးရုံပို့​ဆောင်စဥ်လမ်းမှာ​သေဆုံးခဲ့

မတ်-၈၊၂၀၂၆။ရှိန်း/People Spring’s

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်လာပို့တောင်ရွာက ရှင်ပြုအလှူပွဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတဲ့ပြည်သူ တွေနောက်ကို ဒရုန်း တွေနဲ့ဗုံးထပ်ကြဲတာ​ကြောင့် ကျောင်းထိုင်ဆရာတော် နဲ့မောင်ရှင်​လောင်းတွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မတ်လ၇ ရက်နေ့၊ ​​နေ့ခင်းပိုင်းမှာ ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကကနီမြို့နယ် ၊နတ်လာပို့တောင်ရွာမှာရှင်ပြု အလှူပွဲလုပ်​နေတဲ့အိမ်ကိုလက်နက်ကြီးနဲ့ ပစ်ခတ်တာပါ ။ကျောင်းထိုင်ဆရာတော်တပါး၊ရှင်​လောင်းနှစ်ပါးအပါအဝင် ပြည်သူ ၅ ဦး နေရာမှာတင်‌သေဆုံးခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား​ဒေသခံတဦးက​တော့ စစ်တပ်က အ​သေခံဒရုန်းနဲ့ ဗုံးကြဲတာ​ကြောင့် ​ဒေသခံတစ်ဦးဟာ အလှူကိုလာ​နေစဥ်လမ်းမှာ ထိမှန်​သေဆုံးခဲ့တာလို့​ပြောပါတယ် ။

ဒါ့အပြင် ဒဏ်ရာရပြည်သူ တစ်ဒါဇင် ကျော်ရှိခဲ့ပြီး အသက်၂၅ နှစ် နဲ့၃၀ နှစ်ဝန်းကျင် အမျိုးသားနှစ်ဦးကတော့ ဆေးရုံပို့ချိန် လမ်းမှာတင်သေဆုံးသွားတယ်လို့ စုံစမ်းသိရပါတယ်။ဒါ​ကြောင့်​သေဆုံးသူ အနည်းဆုံး ၇ ဦးရှိခဲ့ပါတယ် ။

လက်နက်ကြီး ပြည်သူတွေကရှောင်တိမ်းဖို့ထွက်လာတဲ့ယာဉ်တန်းကိုနမခ(မုံရွာ)က အသေခံဒရုန်းတွေနဲ့ ဗုံးလိုက်ကြဲခဲ့ သေးတယ်လို့ သိရပါတယ်။

“လက်နက်ကြီးကနတ်လာပို့‌​တောင်ရွာ၊ကျွန်းက‌လေးရွာတွေကို ဖြန့်ပစ်တာ။ထွက်ပြေးတဲ့အချိန်မှ ဒရုန်းက ကျွန် တော်တို့နောက်က နေလိုက်လာတာ။နတ်လာပို့မြောက်ရွာကိုလည်း ဒရုန်းနဲ့ဗုံးကြဲတယ်။ဘေးနားသုံးရွာ လောက်ကိုကြဲသွား သေးတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဘန့်ဘွေးရွာဟာ နတ်လာပို့ရွာနဲ့ ၇မိုင်အကွာမှာရှိပါတယ်။ဘန့်​ဘွေးရွာကနေ စစ်တပ်စစ် ကြောင်းထွက်လာပြီး​တော့ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

အဲဒီအထဲကစစ်ကြောင်းတကြောင်းခွဲပြီး ဘန့်ဘွေးရွာထဲပြန်ဝင်သွားပြီး တကြောင်းဟာ နဘူးတောရွာပတ်လည်မှာ ရှိနေ သေးတယ်လို့သိရပါတယ်။

စစ်တပ်စစ်ကြောင်းနဲ့ လက်နက်ကြီး ၊ဒရုန်းအန္တရာယ်ကြောင့် နတ်လာပို့ရွာအပါအဝင် ကနီ၊ယင်းမာပင်မြို့နယ်က ကျေးရွာ၅ရွာထပ်မနည်းထွက်​ပြေးတိမ်းရှောင် နေကြတယ်လို့ သတင်းရရှိပါတယ်။

ကနီမြို့နယ်က နတ်လာပို့​တောင်ရွာ ၊​မြောက်ရွာကို စစ်တပ်က အရင်ကလည်း ဗုံးကြဲလို့ပြည်သူ​တေ့ွ​သေဆုံးဒဏ်ရာရခဲ့ဖူးပါတယ် ။၂၀၂၅ ​ဖေ​ဖော်ဝါရီလ ၁၁ရက်က နတ်လာပို့​မြောက်ရွာကို စစ်တပ်က စက်တပ်​လေထီး နဲ့ ဗုံးကြဲလို့ အသက် ၄၉ နှစ်အရွယ် ဦး​အေးလင်း​သေဆုံးခဲ့ပြီး အသက် ၅၇ နှစ်အရွယ် ​ဒေါ်မုန်း ​ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။