Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲထဲကဆေးကြောင်နေတဲ့သုံ့ပန်းစစ်သားသစ်​တွေ

စစ်ကောင်စီစစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှာ ဆေးကြောင်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​​တွေကို ကာကွယ်ရေးတပ်တွေဖမ်းမိခဲ့ပါတယ်။

စက်တင်ဘာ-၂၃၊၂၀၂၅။လူအေး/People’s Spring

စစ်ကောင်စီစစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှာ ဆေးကြောင်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​​တွေကို ကာကွယ်ရေးတပ်တွေဖမ်းမိခဲ့ပါတယ်။

ဆေးကြောင်ပြီး စကားတွေ ဗလုံးဗထွေးပြောနေတဲ့ စစ်မှုထမ်းသင်တန်းအဆင့်တစ်ယောက်ရဲ့ ရုပ်သံမှတ်တမ်းကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်တွေကထုတ်ပြန်ခဲ့ပါတယ်။

“ဆေးကြောင်နေတဲ့ ပစ(ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း) တွေ တော်တော်သေဆုံးတယ်။ ဖမ်းမိတာတွေလည်းရှိတယ်။ ဆေးပြားတွေနဲ့အတူ ဖမ်းမိထားတာတွေ”လို့ ချောင်းမတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ကာကွယ်ရေးရဲ ဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်သံမှတ်တမ်းမှာ ​ဆေး​ကြောင်​နေပြီး ဒဏ်ရာရထားတဲ့စစ်သားသစ် ၁ဦးကို PDF တစ်​ယောက်ကကူညီဖို့ ​ဆေးအဖွဲ့​ခေါ်​နေတာကို​တွေ့ရပါတယ်။စစ်သားသစ်နဲ့ စကား​ပြောဖို့ကြိုးစား​နေ​ပေမယ့်​စစ်သားသစ်ဟာဆေး​ကြောင်ပြီး အဆီအ​ပေါ်မတည့် ​ပြောချင်ရာ​ပြော​နေတာကို​တွေ့ရပါတယ် ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေဟာ စစ်ကိုင်းတိုင်းအပြင် နိုင်ငံအနှံ့ကတိုက်ပွဲတွေမှာ စိတ်ကြွဆေးပြားတွေသုံးပြီးတိုက်ပွဲဝင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေထဲမှာ သေဆုံးမှုအများဆုံးက စစ်မှုထမ်းသင်တန်းဆင်းတွေဖြစ်ပြီး ပုံထပ်နေတဲ့ ရုပ်အလောင်းတွေပေါ်ကိုနင်းဖြတ်ပြီး တိုက်ပွဲဝင်ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းကကာကွယ်ရေးရဲ ဘော်တစ်ဦးကပြောပါတယ်။

” ပစတွေ (ပြည်သူ့စစ်သင်တန်းဆင်းစစ်သားသစ်)က ဓားစာခံတွေ။သူတို့ကို သေနတ်နဲ့ ကျည်ထုတ်ပေးပြီး PDFတွေ ကျည်ကုန်အောင် ရှေ့တန်းကိုတွန်းလွှတ်တာ” လို့ PDFရဲဘော်တစ်ဦးကဆိုပါတယ်။

ကနီမြို့နယ် ချောင်းမရွာမှာ စက်တင်ဘာလဆန်းတုန်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ၁၁ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဆုတ်ခွာ ထွက်ပြေးသွားပတာပါ။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေများပြားခဲ့ပြီး အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းနဲ့ ရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့ပါတယ်။

ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ် စက်တင်ဘာလ၁၆ရက်နေ့က ၃ဦးထပ်ဖမ်းမိပါတယ်။ စစ်ကောင်စီက ကနီမြို့ကိုပြန်ပြီးစစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး ပါရာမော်တာနဲ့ မကြာခဏလာပြီး ဗုံးကြဲနေပါတယ်။အခုအခါမှာ စစ်ကောင်စီက ကနီမြို့နဲ့နယ်ခြင်းဆက်နေတဲ့ ယင်းမာပင်မြို့နယ်စပ်မှာ တပ်ပြန်စုစည်းနေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီကအတင်းအဓမ္မစစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ လက်နက်ချအလင်းဝင်ဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။ ရှေ့တန်း၌ မည်သည့်နေရာတွင်မဆို လက်နက်ချ၊အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်းနဲ့ အလံဖြူထောင်သူတိုင်းကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီပို့ဆောင်ပေးမယ်လို့လည်း အသိပေးထားပါတယ်။ ဒါ့အပြင်လက်နက်နဲ့ အလင်းဝင်ပါက ဆုငွေ ချီးမြှင့်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

လူငယ်၊ လူရွယ် တွေအနေနဲ့ စစ်မှုထမ်းဖို့အဖမ်းမခံရခင်လွတ်အောင်ရှောင်ကြဖို့နဲ့ ပေါ်တာပါပြီး သင်တန်းပြီးသွားရင် မူးယစ်သားကောင်တွေအဖြစ်နဲ့ အသိဉာဏ်ပျောက်ဆုံးပြီး တိုက်ပွဲထဲမှာ သေဆုံးကြရလိမ့်မယ်လို့ ကာကွယ်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သင်တန်းဆင်းစစ်သားသစ်တဦးကလည်း စစ်တပ်က ရက်ရှည်တိုက်ပွဲ​တွေဆိုရင် စစ်သား​တွေကိုမူးယစ်စိတ်ကြွ​ဆေး​တွေ​ကြွေးတာဟာ ပုံမှန်လိုဖြစ်​နေပြီလို့ သူ့ရဲ့ တစ်​တော့မှာ​ပြောထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။