Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သမင်ခြံက ဒေသခံတွေ ရှောင်တိမ်းနေရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာမို့ ပြည်သူတွေ သေဆုံးခဲ့ပြီး ဒေသခံတွေဟာ ကျေးရွာအတွင်း မအိပ်ရဲဘဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

Screenshot

စက်တင်ဘာ-၂၄၊၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာမို့ ပြည်သူတွေ သေဆုံးခဲ့ပြီး ဒေသခံတွေဟာ ကျေးရွာအတွင်း မအိပ်ရဲဘဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

“လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဆက်တိုက်ခံရတယ်။ သုံးကြိမ်စလုံးမှာ လူသေဆုံးမှုရှိတယ်။ ဖြစ်စဉ်တခုနဲ့ တခု ဘာမှမကြာဘူးဗျာ။ အဲ့လို ဆိုတော့ ရွာခံတွေ အကုန်ကြောက်လန့်နေကြပြီ။ ရွာတွေထဲ မှာ မအိပ်ရဲတော့ ဘေးလွတ်မယ် ထင်တဲ့ဆီ ရွှေ့ပြောင်းအိပ်ကြရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဩဂုတ် ၃၁ရက်၊ စက်တင်ဘာ ၃ရက်နဲ့ စက်တင်ဘာ ၂၂ ရက်တို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ Paramoter (စက်တပ် လေထီး)တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သမင်ခြံက ဒေသခံတွေ ရှောင်တိမ်းနေရ စက်တင်ဘာ-၂၄၊၂၀၂၅။ မေ/People's…

Posted by People's Spring on Tuesday 23 September 2025

ဩဂုတ် ၃၁ရက် ပစ်ခတ်မှုမှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို စက်တင်ဘာ ၃ ရက် လေကြောင်းတိုက်ခိုက်မှုမှာ အသက် ၁၈နှစ်အရွယ် ကျောင်းသားတစ်ဦး၊ စက်တင်ဘာ ၂၂ ရက်မှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း ၆ဦး သေဆုံးထားပါတယ်။

သမင်ခြံရွာဟာ ကနီမြို့ရဲ့တောင်ဘက် ၁၀မိုင်ခန့်အကွာမှာရှိပြီး စစ်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီကလည်း သင်္ကြန်ကာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကိုရင်ငယ်လေးတွေနဲ့ ဥပုသ်သည်တွေ ထိခိုက်သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။