Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ အာဏာရူးပြမယ့် ဗိုလ်ရှုခံပွဲကို မကြည့်ကြဖို့ တိုက်တွန်း

စစ်ကောင်စီဟာ ဗိုလ်ရှုသဘင်ကို ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာကျင်းပမှာဖြစ်ပြီး အဲဒီပွဲကို ကြည့်ကြဖို့ နည်းမျိုးစုံနဲ့ပြည်သူတွေကိုတိုက်တွန်းနေတာတွေ့ရတယ်လို့လည်း GSCB က ဆိုထားပါတယ်။

စစ်ကောင်စီကျင်းပမယ့် ဗိုလ်ရှုသဘင်အခမ်းအနား သတင်းမှန်သမျှ မကြည့် မဖတ်တဲ့ Black TV Campaign လုပ်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကမေတ္တာရပ်ခံလိုက်ပါတယ်။

စစ်ကောင်စီဟာ ဗိုလ်ရှုသဘင်ကို ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာကျင်းပမှာဖြစ်ပြီး အဲဒီပွဲကို ကြည့်ကြဖို့ နည်းမျိုးစုံနဲ့ပြည်သူတွေကိုတိုက်တွန်းနေတာတွေ့ရတယ်လို့လည်း GSCB က ဆိုထားပါတယ်။

ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီရဲ့ အာဏာရူးမူးပြတဲ့ အဲဒီအခမ်းအနားကို ထုတ်လွှင့်တဲ့ ရုပ်သံ ၊သတင်းတွေကို မကြည့် ၊ မဖတ်တဲ့ လူထုလှုပ်ရှားမှုအနေနဲ့ သပိတ်မှောက်ကြဖို့ကိုလည်း တိုက်တွန်း နှိုးဆော်တာတွေ့ရပါတယ်။

တော်လှန်ရေဘက်တော်သား သတင်းမီဒီယာတွေအနေနဲ့လည်း စစ်ကောင်စီက ထုတ်လွှင့်တဲ့ ဗိုလ်ရှုခံပွဲ နဲ့ပတ်သက်တဲ့ အကြောင်းအရာ ၊သတင်းတွေ လူထုအကြားမဖြန့်ဝေဖို့ကိုလည်း GSCB က မေတ္တာရပ်ခံထားပါသေးတယ်။

ဒါအပြင်အဲဒီနေ့မှာ တိုင်းရင်းသား လူမျိုးစုတရပ်လုံး တန်ဖိုးထားတဲ့ အနှစ်သာရရှိတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ၇၅ နှစ်ပြည့်အဖြစ်သာသတ်မှတ်ပြီး အထိမ်းအမှတ်ပွဲ ကျင်းပသွားမယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement