Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ အာဏာရူးပြမယ့် ဗိုလ်ရှုခံပွဲကို မကြည့်ကြဖို့ တိုက်တွန်း

စစ်ကောင်စီဟာ ဗိုလ်ရှုသဘင်ကို ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာကျင်းပမှာဖြစ်ပြီး အဲဒီပွဲကို ကြည့်ကြဖို့ နည်းမျိုးစုံနဲ့ပြည်သူတွေကိုတိုက်တွန်းနေတာတွေ့ရတယ်လို့လည်း GSCB က ဆိုထားပါတယ်။

စစ်ကောင်စီကျင်းပမယ့် ဗိုလ်ရှုသဘင်အခမ်းအနား သတင်းမှန်သမျှ မကြည့် မဖတ်တဲ့ Black TV Campaign လုပ်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကမေတ္တာရပ်ခံလိုက်ပါတယ်။

စစ်ကောင်စီဟာ ဗိုလ်ရှုသဘင်ကို ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာကျင်းပမှာဖြစ်ပြီး အဲဒီပွဲကို ကြည့်ကြဖို့ နည်းမျိုးစုံနဲ့ပြည်သူတွေကိုတိုက်တွန်းနေတာတွေ့ရတယ်လို့လည်း GSCB က ဆိုထားပါတယ်။

ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီရဲ့ အာဏာရူးမူးပြတဲ့ အဲဒီအခမ်းအနားကို ထုတ်လွှင့်တဲ့ ရုပ်သံ ၊သတင်းတွေကို မကြည့် ၊ မဖတ်တဲ့ လူထုလှုပ်ရှားမှုအနေနဲ့ သပိတ်မှောက်ကြဖို့ကိုလည်း တိုက်တွန်း နှိုးဆော်တာတွေ့ရပါတယ်။

တော်လှန်ရေဘက်တော်သား သတင်းမီဒီယာတွေအနေနဲ့လည်း စစ်ကောင်စီက ထုတ်လွှင့်တဲ့ ဗိုလ်ရှုခံပွဲ နဲ့ပတ်သက်တဲ့ အကြောင်းအရာ ၊သတင်းတွေ လူထုအကြားမဖြန့်ဝေဖို့ကိုလည်း GSCB က မေတ္တာရပ်ခံထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင်အဲဒီနေ့မှာ တိုင်းရင်းသား လူမျိုးစုတရပ်လုံး တန်ဖိုးထားတဲ့ အနှစ်သာရရှိတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ၇၅ နှစ်ပြည့်အဖြစ်သာသတ်မှတ်ပြီး အထိမ်းအမှတ်ပွဲ ကျင်းပသွားမယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။