Connect with us

Hi, what are you looking for?

News

လုံခြုံ​ရေးမြှင့်ထား​​သော​ နေပြည်​တော်သုံး​နေရာတွင် ဗုံးကွဲ

စစ်​ကောင်စီက ဗိုလ်ရှုသဘင်ကျင်းပရန် ​နေပြည်​တော်တွင်လုံခြုံ​ရေးမြှင့်ထားသည့်ကြားမှ ယ​နေ့ညတွင် သုံး​နေရာတွင် ​ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

(စစ်အုပ်စုက အာဏာသိမ်းခဲ့​သော ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်က​နေပြည်​တော်)

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်၏ ဗိုလ်ရှုသဘင် မကျင်းပခင်နာရီပိုင်းအလိုတွင် ​နေပြည်​တော်၌ သုံး​နေရာတွင် ဗုံးခွဲတိုက်ခိုက်ခဲ့​ကြောင်း ​Ngwe Soe NPT-PDF က ထုတ်ပြန်သည်။

ယနေ့ည၉နာရီတွင် နေပြည်တော်ဇဗ္ဗူသီရိ အမှတ်(၃) ရဲစခန်းကိုချိန်ကိုက်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ၇၉ဖြင့်ပါပစ်ခတ်ခဲ့ပါ​ကြောင်းထိခိုက်မှုမသိရှိရသေး​ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

အလားတူ ည၉နာရီကျော်တွင် တပ်ကုန်းမြို့မဈေးအနီး​ဖောက်ခွဲခဲ့​ကြောင်းလည်းပါရှိသည်။ထို့အပြင်ယနေ့ည၁၀နာရီကျော်တွင် ပျဉ်းမနားမြို့ဂွကြားရပ်ကွက်(ဘိုးဘွာရိပ်သာအနီး)တွင်ရှိ ရေနံသိုလ်လောင်ရုံသို့ ဗုန်းခွဲတိုက်ခိုက်ခဲ​ကြောင်းလည်း​ ဖော်ပြထားသည်။

စစ်​ကောင်စီက ဗိုလ်ရှုသဘင်ကျင်းပရန် ​နေပြည်​တော်တွင်လုံခြုံ​ရေးမြှင့်ထားသည့်ကြားမှ ယ​နေ့ညတွင် သုံး​နေရာတွင် ​ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မေ/ People’s Spring ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ်(DSA)ဗိုလ်​လောင်းသင်တန်းအမှတ်စဥ် (၆၆) သင်တန်းဆင်းပွဲကို အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် လာမှာဖြစ်လို့ နိုဝင်ဘာလနောက်ဆုံးပတ်ကစပြီး သံချပ်ကာတပ်တွေပါ​ခေါ်ယူပြီးလုံခြုံ​ရေး တင်းကြပ်နေတယ်လို့ မြို့ခံတွေက​ ပြောပါတယ်။ ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်ရန်စီစဉ်နေတဲ့ DSAသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃ ရက် ၊၄ရက် ၊...

သတင်း

စစ်​ကောင်စီ ဝန်ထမ်းတစ်ဦးက MICC2 တိုက်ခိုက်ခံရမှုကို ၎င်းမသိဘဲ ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရ​​ကြောင်း​ပြောသည်။

သတင်း

တရုတ်လုံခြုံရေးအဖွဲ့ဝင်အချို့ပါဝင်သော အဆိုပါအဖွဲ့ဖွဲ့စည်းကြောင်း လက်မှတ်ထိုးပွဲကို နေပြည်တော်တွင် ပြုလုပ်သွားခြင်းဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။

သတင်း

အေလာလေယာဉ်ကွင်းပြေးလမ်း နှင့် ကားလမ်းကြားတွင် ယနေ့(နိုဝင်ဘာ ၅ ရက်)နံနက်၈နာရီ ၂၀မိနစ်ဝန်းကျင်တွင် လက်လုပ်မိုင်းဖောက်ကွဲခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။