Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်သာယာတွင် စစ်တပ်လှည့်ကင်းကား တိုက်ခိုက်ခံရ

“ပေါက်ကွဲမှုပြင်းအားကြောင့် ၄င်းတို့မောင်းနှင်လာသော ကားအစိတ်အပိုင်းတချို့ကို ထိမှန်ခဲ့ပီး၄င်းကားသည်လည်း ချက်ချင်းနောက် ကြောင်းပြန်လှည့်သွားခဲ့သည်”ဟု ZTH တပ်ဖွဲ့က အသိပေးသည်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လှည့်ကင်းကာတစ်စီးကို မိုက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ From Zero to Hero(ZTH)အဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၂) ထုတ်ပြန် သည်။

ယနေ့နံနက် ၅ နာရီ ၁၀ခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ် တပ်ရင်း(၉)ဘက်သို့မောင်းနှင်လာသော စစ်တပ်လှည့်ကင်းကားတစ်စီးကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

“ပေါက်ကွဲမှုပြင်းအားကြောင့် ၄င်းတို့မောင်းနှင်လာသော ကားအစိတ်အပိုင်းတချို့ကို ထိမှန်ခဲ့ပီး၄င်းကားသည်လည်း ချက်ချင်းနောက် ကြောင်းပြန်လှည့်သွားခဲ့သည်”ဟု ZTH တပ်ဖွဲ့က အသိပေးသည်။

ဖောက်ခွဲတိုက်ခိုက်မှုကို From Zero To Hero(ZTH)နှင့် Black Eagle Ranger (BER)မြို့ပြပြောက်ကျားတော်လှန်ရေးညီနောင်များမှပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များဘေးကင်းလုံခြုံရာနေရာသို့ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။