Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုများကို ကလေး PDFထုတ်ပြန်

ကလေး PDFနှင့် မဟာမိတ်တပ်များသည် ယခုလအတွင်း စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရှေ့တန်း စစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်လျက်ရှိသည့် ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှု ပုံရိပ်များကို ကလေး PDFက ယနေ့ထပ်မံထုတ်ပြန်လိုက်သည်။

ကလေး PDFနှင့် မဟာမိတ်တပ်များသည် ယခုလအတွင်း စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။

Public Service Announcement

ဖေဖော်ဝါရီ ၁၀ရက်က ကလေး PDF၊ CDF(KKG)၊CDF (Hakha)၊RKDFနှင့် ပကဖ ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့၍ ကလေးတောင်ပိုင်း ကြံသာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့်ပျူစောထီးမှ ၁၅ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ဖေဖော်ဝါရီ ၈ရက်ကလည်း ကလေးမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ပူးပေါင်းတပ်ဖွဲ့က ​လေးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၇ဦးခန့်သေဆုံးခဲ့ကြောင်း၊ဖေဖော်ဝါရီ ၆ရက်ကလည်း ကလေးနည်းပညာတက္ကသိုလ်မှ ကလေးမြို့သု့ လာသည့်စစ်ကောင်စီတပ်ကို ကလေး PDF က တိုက်ခိုက်ခဲ့ရာ ၂၀ဦးခန့်သေဆုံးခဲ့သည်ဟု ကလေး PDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကလေးတောင်ပိုင်းဒေသသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသောဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။