Connect with us

Hi, what are you looking for?

News

လွိုင်ကော်မှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ KDFထံ အလင်းဝင်လာ

အဆိုပါ ရဲတပ်သားသည် G-3 အမျိုးအစားသေနတ်တစ်လတ် ၊ 7.62 ကျည် ၁၀၄တောင့် ၊ ကျည်ဘောက်နှစ်ဘောက် ယူဆောင်လာခဲ့ပြီး မိမိတို့ KDF နှင့် KSP ထံသို့ အပ်နှံခဲ့ကြောင်း ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်အခြေစိုက် ရဲဌာန တစ်ခုမှ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား စိုးဟိန်းသူသည် ယနေ့( ဖေဖော်ဝါရီ ၁၈ရက်) နေ့လည် ပိုင်းတွင် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)နှင့် ကရင်နီပြည်ရဲတပ်ဖွဲ့(KSP) တို့ထံ လာရောက်ခိုလှုံ၍ CDM ပြုလုပ်လာကြောင်း KDFက ထုတ်ပြန်သည်။

အဆိုပါ ရဲတပ်သားသည် G-3 အမျိုးအစားသေနတ်တစ်လတ် ၊ 7.62 ကျည် ၁၀၄တောင့် ၊ ကျည်ဘောက်နှစ်ဘောက် ယူဆောင်လာခဲ့ပြီး မိမိတို့ KDF နှင့် KSP ထံသို့ အပ်နှံခဲ့ကြောင်း ဖော်ပြသည်။

ပြည်သူဘက်တော်သားအဖြစ် ပူးပေါင်းလာခဲ့သည့်အတွက်ဂုဏ်ယူပါကြောင်း ထုတ်ပြန်ခဲ့ပြီး အလားတူ ရဲဝန်ထမ်းများ ၊စစ်သား များ အနေဖြင့် ပြည်သူ့ ဘက်သို့ရဲရဲဝံဝံရပ်တည်ပြီး CDM တွင် ပါဝင်ကြရန် KDFက တိုက်တွန်းထားသည်။ CDM ဝင်ရောက်လာပါကလည်း သေနတ်များပါ တစ်ပါးတည်း ယူဆောင်လာပါရန် လည်း နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။