Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်မှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ KDFထံ အလင်းဝင်လာ

အဆိုပါ ရဲတပ်သားသည် G-3 အမျိုးအစားသေနတ်တစ်လတ် ၊ 7.62 ကျည် ၁၀၄တောင့် ၊ ကျည်ဘောက်နှစ်ဘောက် ယူဆောင်လာခဲ့ပြီး မိမိတို့ KDF နှင့် KSP ထံသို့ အပ်နှံခဲ့ကြောင်း ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်အခြေစိုက် ရဲဌာန တစ်ခုမှ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား စိုးဟိန်းသူသည် ယနေ့( ဖေဖော်ဝါရီ ၁၈ရက်) နေ့လည် ပိုင်းတွင် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)နှင့် ကရင်နီပြည်ရဲတပ်ဖွဲ့(KSP) တို့ထံ လာရောက်ခိုလှုံ၍ CDM ပြုလုပ်လာကြောင်း KDFက ထုတ်ပြန်သည်။

အဆိုပါ ရဲတပ်သားသည် G-3 အမျိုးအစားသေနတ်တစ်လတ် ၊ 7.62 ကျည် ၁၀၄တောင့် ၊ ကျည်ဘောက်နှစ်ဘောက် ယူဆောင်လာခဲ့ပြီး မိမိတို့ KDF နှင့် KSP ထံသို့ အပ်နှံခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူဘက်တော်သားအဖြစ် ပူးပေါင်းလာခဲ့သည့်အတွက်ဂုဏ်ယူပါကြောင်း ထုတ်ပြန်ခဲ့ပြီး အလားတူ ရဲဝန်ထမ်းများ ၊စစ်သား များ အနေဖြင့် ပြည်သူ့ ဘက်သို့ရဲရဲဝံဝံရပ်တည်ပြီး CDM တွင် ပါဝင်ကြရန် KDFက တိုက်တွန်းထားသည်။ CDM ဝင်ရောက်လာပါကလည်း သေနတ်များပါ တစ်ပါးတည်း ယူဆောင်လာပါရန် လည်း နှိုးဆော်ထားသည်။