Connect with us

Hi, what are you looking for?

News

မြိုင်ကြီးငူဒေသမှာ ရောက်နေတယ် ဒုက္ခသည်တွေကို UNHCR ထောက်ပံ့ရေးပစ္စည်းတွေပေး

ခြင်ထောင်၊ စောင်၊ ရေသိုလှောင်ပုံး၊ မီးဖိုချောင်သုံးပစ္စည်း၊ တာပေါ်လင်၊ ဖျာ၊ ပလတ်စတစ် ရေပုံး၊ နိုင်လွန်ကြိုးတွေနဲ့ တကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းတွေ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းသူ တွေ နေထိုင်လျက်ရှိတဲ့ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသမှာ UNHCR က အစားအစာ မဟုတ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၅၀၀၀ ကျော်ကို ဖြန့်ဝေခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်ကနေ ၁၀ ရက်အထိ အိမ်ထောင်စုဝင် ၇၂၀၊ လူဦးရေ ၄၇၆၉ ဦးထံကို ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

ခြင်ထောင်၊ စောင်၊ ရေသိုလှောင်ပုံး၊ မီးဖိုချောင်သုံးပစ္စည်း၊ တာပေါ်လင်၊ ဖျာ၊ ပလတ်စတစ် ရေပုံး၊ နိုင်လွန်ကြိုးတွေနဲ့ တကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းတွေ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြိုင်ကြီးငူဒေသရှိ ဆေးရုံနဲ့ သံဃာ့ဆေးရုံတို့ကိုလည်း ကုတင်၊ အိပ်ယာ၊ အိပ်ယာခင်းတွေနဲ့ ခေါင်းအုံးစွပေတွေစတဲ့ အိပ်ယာအသုံးအဆောင်ပစ္စည်း အရေအတွက် ၂၀ ခုတို့ကို ပေးအပ်ထောက်ပံ့ခဲ့ပြီး အဆိုပါဆေးရုံတွေဟာ ဒေသအတွင်းရှိ လူပေါင်း ၁၈, ၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ UNHCR ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

မယ်သဝေါဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဒီကေဘီနဲ့ နယ်ခြားစောင့်တပ် စစ်တပ်တို့အကြား ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့်မယ်သဝေါဒေသခံ ထောင်ချီခန့်ဟာ မြိုင်ကြီးငူကို တိမ်းရှောင်လာခဲ့ပြီး ဒီကနေ့အချိန်ထိ နေရပ်ကိုမပြန်နိုင်သေးပဲ မြိုင်ကြီးငူဒေသမှာပဲ ဆက်လက်နေထိုင်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း

နယ်စပ်မှာ ရှိနေတဲ့ ထိုင်းစစ်ရှောင်တွေအတွက် တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်တွေကို ထိုင်းနိုင်ငံက စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ဝက်လက်ဒေသက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ ဒီကနေ့ (ဧပြီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။