Connect with us

Hi, what are you looking for?

News

မြဝတီဘဏ်နှင့် GEတပ်ရိပ်သာတိုက်ခိုက်ခံရ စစ်​ကောင်စီတပ် ၅ဦး​သေ၊ ၅ ဦးဒဏ်ရာရဟု PDFများထုတ်ပြန်

မြဝတီဘဏ်ဗုံးပေါက်ကွဲမူအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ၁၀ ချက်ကျော် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။ ထိုပစ်ခတ်အမူအပြီးတွင် လေးထောင့်ကန်လမ်း၊ စံပြဈေးအနီးတွင်လည်း စစ်ကောင်စီတပ်သားအင်းအားအများအပြားထပ်မံရောက်ရှိလာသည်ဟုသိ့ရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ် စွဲထားသည့် စစ်တပ်ပိုင် မြဝတီဘဏ်တွင် ယနေ့ည ၉နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

မြဝတီဘဏ်ရှိစစ်​ကောင်စီတပ်သားများကိုဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မူကို ACPLFနှင့် Hmawbi Revolution Force-HRF တို့၏ ကူညီမူဖြင့် PDF(ဗဟန်း)နှင့် Helloအဖွဲ့တိုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၅ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်​ကြောင်း ရန်ကုန်PDF( ဗဟန်း)အဖွဲ့ကထုတ်ပြန်သည်။

ထိုအပြင် ယ​နေ့ညမှာပင် မှော်ဘီမြို့ ဆပ်ပလိုင်း GEတပ်ရိပ်သာကိုလည်း ည ၉ နာရီကျော်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရာရှိ ၃ဦးခန့်ထိ့ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု​မှော်ဘီ​တော်လှန်​ရေးအင်အားစု-HRF ကထုတ်ပြန်သည်။ ​မှော်ဘီGE တပ်ရိပ်သာကို HRF ၊ACPLF နှင့် ရန်ကုန်PDF(ဗဟန်း) တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

မြဝတီဘဏ်ဗုံးပေါက်ကွဲမူအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ၁၀ ချက်ကျော် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။ ထိုပစ်ခတ်အမူအပြီးတွင် လေးထောင့်ကန်လမ်း၊ စံပြဈေးအနီးတွင်လည်း စစ်ကောင်စီတပ်သားအင်းအားအများအပြားထပ်မံရောက်ရှိလာသည်ဟုသိ့ရသည်။

Public Service Announcement

Public Service Announcement

“ပစ်တာတော့ အကြိမ်အများကြီးဘဲ၊ ဆဲဆိုပြီး ပစ်နေတာ၊ သူတို့ဘက်သေလား၊ မသေလားတော့ မသိဘူး”ဟု ​ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် သင်္ဃန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်၊ အောင်မင်္ဂလာလမ်းမပေါ်က ဗားဂရား အစ္စလာမ်စာသင်ကျောင်းအတွင်းရှိ လူငယ်များကို ဒူးထောက်လက်မြှောက်ခိုင်းပြီး စစ်ဆေးမူများလုပ်နေသည်ဟု ​ဒေသခံအချို့က​ပြောသည်။

ဗုံးပစ်ခံရသည့် စစ်ကောင်စီ လုံခြုံရေးစခန်းသည် သဲအိတ်များ အခိုင်အမာ နေရာယူထားပြီး စစ်​ကောင်စီတပ်သားများ ကင်းစောင့်နေရာဖြစ်သည်။ ထိုပေါက်ကွဲသည့်နေရာကို လူနာတင်ယာဉ်တစ်စီးလည်းရောက်ပြီးလာသည်ဟု သိ့ရသည်။ ​တိုက်ခိုက်မှုဖြစ်ပြီး​နောက် စစ်​ကောင်စီတပ်သားများထပ်မံ​ရောက်ရှိလာပြီး လုံခြုံ​ရေးမြှင့်ထားသည်ဟုသိ့ရသည်။

ထိုအပြင် ယနေ့(ဖေဖော်ဝါရီ ၁၉ )နေ့လယ် ၁၂ နာရီခန့်တွင်သာ​ကေတ မြို့နယ်တွင်ကင်းလှည့်နေသည့်စစ်ကောင်စီတပ်သားများ၏ ကားကို WWSTF အဖွဲ့က ဗုံးဖြင့်တိုက်ခိုက်ခဲ့ပြီးတစ်ချိန်တည်းတွင် စစ်ကောင်စီတပ်စွဲထားသည့် သာကေတဘောလုံးကွင်းကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား ၂ ဦး​သေဆုံးနိုင်ပြီး ၄ ဦးဒဏ်ရာရရှိခဲ့​ကြောင်းတိုက်ခိုက်​သော အဖွဲ့က ထုတ်ပြန်သည်။

အလားတူယ​နေ့ည ၇ နာရီဝန်းကျင်အချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်းကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။