Connect with us

Hi, what are you looking for?

News

ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်မှ နှစ်ဦးသေ

ကလေးတောင်ပိုင်း ကြာအင်းကျေးရွာမှ ချီတက်လာသော စစ်ကောင်စီတပ်ကို CDF-KKG, CDF-Hakha, PDF Kalay, CNDF, RKDF, ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ဖေဖော်ဝါရီ ၁၉ရက် နံနက် ၁၀နာရီတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ယမန်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်ဟု ချင်း​ဒေသကာကွယ်ရေးတပ်(က​လေး-က​ဘော်-ဂန့်​ဂေါ)-CDF(KKG)က ထုတ်ပြန်သည်။

ကလေးတောင်ပိုင်း ကြာအင်းကျေးရွာမှ ချီတက်လာသော စစ်ကောင်စီတပ်ကို CDF-KKG, CDF-Hakha, PDF Kalay, CNDF, RKDF, ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ဖေဖော်ဝါရီ ၁၉ရက် နံနက် ၁၀နာရီတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လှန်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိနိုင်ပြီး ပူးပေါင်း တပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ​ဖော်ပြထားသည်။

ကလေးမြို့တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဖေဖော်ဝါရီလဆန်းမှစ၍တိုက်ပွဲများ ပြင်းထန်နေသည်။ အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးမြို့တောင်ပိုင်းကို အခြေပြုပြီး ဒေသခံကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။