Connect with us

Hi, what are you looking for?

News

ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်မှ နှစ်ဦးသေ

ကလေးတောင်ပိုင်း ကြာအင်းကျေးရွာမှ ချီတက်လာသော စစ်ကောင်စီတပ်ကို CDF-KKG, CDF-Hakha, PDF Kalay, CNDF, RKDF, ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ဖေဖော်ဝါရီ ၁၉ရက် နံနက် ၁၀နာရီတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ယမန်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်ဟု ချင်း​ဒေသကာကွယ်ရေးတပ်(က​လေး-က​ဘော်-ဂန့်​ဂေါ)-CDF(KKG)က ထုတ်ပြန်သည်။

ကလေးတောင်ပိုင်း ကြာအင်းကျေးရွာမှ ချီတက်လာသော စစ်ကောင်စီတပ်ကို CDF-KKG, CDF-Hakha, PDF Kalay, CNDF, RKDF, ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ဖေဖော်ဝါရီ ၁၉ရက် နံနက် ၁၀နာရီတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လှန်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိနိုင်ပြီး ပူးပေါင်း တပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ​ဖော်ပြထားသည်။

ကလေးမြို့တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဖေဖော်ဝါရီလဆန်းမှစ၍တိုက်ပွဲများ ပြင်းထန်နေသည်။ အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးမြို့တောင်ပိုင်းကို အခြေပြုပြီး ဒေသခံကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။