ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လက်ရှိ နိုင်ငံရေး အခြေအနေအရ အသက်အန္တရာယ် လုံခြုံရေးကို ဦးစားပေးပြီး ဘေးကင်းလုံခြုံသည့် နေရာသို့ သွား ရောက်ခိုလှုံရန် နေရာမရှိပါက ဆက်သွယ်နိုင်ကြောင်း ကယန်းကယ်ဆယ်ရေးကော်မတီ(KRC)က ယနေ့ ထုတ်ပြန် သည်။
ထိုသို့ ဆက်သွယ်မည်ဆိုပါက Kayan Rescue Committee-KRC Facebook Chat Box မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။
KRC အနေဖြင့် စစ်ဘေးရှောင်လူထုများ ခိုလှုံရန် နေရာအတွက် နိုင်သည့်ဘက်မှ ပြင်ဆင်ထားလျက်ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီးဝန်းကျင်၌ ဖေဖော်ဝါရီ ၁၆ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများနေ့စဉ် ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ တိုက်ပွဲ၌ ပိုအထိနာသည့် စစ်ကောင်စီတပ်က လက်နက် ကြီးများ အလွန်အကျွံ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများရှိနေ၍ ဒေသခံများ ထိခိုက်သေဆုံးမှု ကြုံတွေ့နေကြရသည်။

Public Service Announcement

















































