Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘေးကင်းလုံခြုံရာနေရာမရှိသည့် စစ်ရှောင်များအတွက် ခိုလှုံရန်နေရာ ပြင်ဆင်ထားဟု ကယန်း KRC အသိပေး

KRC အနေဖြင့် စစ်ဘေးရှောင်လူထုများ ခိုလှုံရန် နေရာအတွက် နိုင်သည့်ဘက်မှ ပြင်ဆင်ထားလျက်ရှိကြောင်း ဖော်ပြထားသည်။

(မိုးဗြဲမြို့နယ် ​ဒေသခံများ စစ်​ဘေး​ရှောင်ရန် ပြက်ဆင်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - KRC)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လက်ရှိ နိုင်ငံရေး အခြေအနေအရ အသက်အန္တရာယ် လုံခြုံရေးကို ဦးစားပေးပြီး ဘေးကင်းလုံခြုံသည့် နေရာသို့ သွား ရောက်ခိုလှုံရန် နေရာမရှိပါက ဆက်သွယ်နိုင်ကြောင်း ကယန်းကယ်ဆယ်ရေးကော်မတီ(KRC)က ယနေ့ ထုတ်ပြန် သည်။

ထိုသို့ ဆက်သွယ်မည်ဆိုပါက Kayan Rescue Committee-KRC Facebook Chat Box မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

KRC အနေဖြင့် စစ်ဘေးရှောင်လူထုများ ခိုလှုံရန် နေရာအတွက် နိုင်သည့်ဘက်မှ ပြင်ဆင်ထားလျက်ရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီးဝန်းကျင်၌ ဖေဖော်ဝါရီ ၁၆ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများနေ့စဉ် ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ တိုက်ပွဲ၌ ပိုအထိနာသည့် စစ်ကောင်စီတပ်က လက်နက် ကြီးများ အလွန်အကျွံ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများရှိနေ၍ ဒေသခံများ ထိခိုက်သေဆုံးမှု ကြုံတွေ့နေကြရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

မြန်မာကြက်ခြေနီ သည် စစ်တပ်၏ အရံတပ်ဖွဲ့ဖြစ်ကာ စစ်ကောင်စီကို ထောက်ပံ့ကူညီနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း KNUက အသိပေးသည်။