Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်က စစ်ရှောင်ကလေးတွေ ပညာသင်ဖို့ စာရေးကိရိယာတွေ လိုအပ်နေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်ကလေးငယ်များအား စာသင်ကြားပေးနေစဥ်။ ဓာတ်ပုံ-ပေးပို့

ဇန်နဝါရီ ၁၈၊ ၂၀၂၆ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

ငါန်းဇွန်မြို့နယ်တနေရာမှာ ယာယီဖွင့်လှစ်ထားတဲ့ စာသင်ခန်းမှာ စစ်ရှောင်ကလေးငယ် ၅၀ ကျော်အတွက် စာအုပ်၊ ခဲတံနဲ့ အခြား စာရေးကိရိယာတွေ လိုအပ်နေတယ်လို့ စစ်ရှောင် ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“စာအုပ်ဖိုး၊ ခဲတံဖိုးလေးတွေ လိုအပ်နေတာ။ အခုလက်ရှိစာသင်ပေးနေတာလည်း ဆရာ၊ ဆရာမက လက်ရှိ ပိုက်ဆံမယူဘဲ အခမဲ့သင်နေပါတယ်”လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ ကလေးငယ်တွေဟာ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာ၊ ရပ်ကွက် ၁၂ရက်ကွက်က မူလတန်းအရွယ် က​လေးငယ်တွေဖြစ်ကြောင်း၊ မနှစ်ကတည်းက စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး ကြားထဲ ယာယီရပ်နားခဲ့ရပေမဲ့ ယခုအခါ ပြန်လည်သင်ကြားပေးနေပြီဖြစ်ကြောင်း စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။

ငါန်းမြာကြီးရွာက စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေရတာ တစ်နှစ်ခွဲကျော်လာပြီဖြစ်ပြီး စစ်ရှောင်ဦးရေ တစ်ထောင်ကျော်ရှိနေကာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ရှောင် စခန်းတခုပေါ် တောင်ပြိုကျလို့ ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ ၁၀ဦးသေဆုံးခဲ့ရတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ဒီကနေ့(စက်တင်ဘာ ၂၆ရက်) ထုတ်ပြန်ပါတယ်။