Connect with us

Hi, what are you looking for?

News

မြန်မာစစ်သံမှူးကို ဂျာမနီအစိုးရက သက်တမ်းတိုးမပေးဘဲ ပြန်လွှတ်ဟုဆို

မြန်မာအကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာသံတမန်မျက်နှာစာတွင် ဆက်လက်ရှုံးနိမ့်နေဆဲဖြစ်ပြီး ကုလသမဂ္ဂ၌လည်း ကိုယ်စားပြုခွင့်မရသေးပေ။

(ဂျာမနီနိုင်ငံဘာလင်မြို့ရှိ မြန်မာသံရုံး​ရှေ့တွင် ၂၀၂၁ ဧပြီက စစ်အာဏာသိမ်းမှုဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ကြစဥ်၊ ဓါတ်ပုံ-CNA)

●ဂျာမနီသာမက ဥရောပဆိုင်ရာ မြန်မာသံစစ်မှူးအဖြစ် အသိအမှတ်ပြုခံရမည်မဟုတ်တော့

မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်အောင်ကျော်မိုးကို ဂျာမနီအစိုးရက ဗီဇာသက်တမ်းတိုးမပေးတော့ဘဲ နိုင်ငံမှထွက်ခွာရန် ညွှန်ကြားထားကြောင်း ဥရောပရောက်သတင်းရင်းမြစ်အချို့က ပြောသည်။

အဆိုပါ ဂျာမနီဆိုင်ရာ မြန်မာစစ်သံမှူးသည် ဗြိတိန်၊ ပြင်သစ်၊ အီတလီစသည့် အခြားသော ဥရောပနိုင်ငံများကိုလည်း တွဲဖက်တာဝန်ယူရပြီး ဂျာမနီက ဗီဇာသက်တမ်းတိုးမပေးသည့် အ တွက် အခြားနိုင်ငံများအတွက်လည်း စစ်သံမှူးအဖြစ် အသိအမှတ်ပြုခံရမည်မဟုတ်ကြောင်း ရင်းမြစ်များက ပြောသည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာသံတမန်မျက်နှာစာတွင် ဆက်လက်ရှုံးနိမ့်နေဆဲဖြစ်ပြီး ကုလသမဂ္ဂ၌လည်း ကိုယ်စားပြုခွင့်မရသေးပေ။

Public Service Announcement

Public Service Announcement

ဒေသတွင်း အင်အားကြီးနိုင်ငံအချို့နှင့် အာဆီယံနိုင်ငံအချို့က အကြမ်းဖက်စစ်တပ်နှင့်အကျိုးစီးပွားပတ်သက်မှုများရှိနေ၍ ဆက်သွယ်ဆက်ဆံမှုရှိသော်လည်း အာဆီယံ ထိပ်သီးညီလာခံ၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဆွေးနွေးဖက် နိုင်ငံများနှင့် အစည်းအဝေးများတွင် ကိုယ်စားပြုတက်ရောက်ခွင့်မရသေးပေ။

ပြီးခဲ့သည့် လပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီသည် ဗိုလ်ချုပ် သန်းထွဋ်သိန်းကို စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုခဲ့ရာ စင်ကာပူအစိုးရက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

ထို့အတွက် မင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသည့် ဗိုလ်ချုပ်သန်းထွဋ်သိန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဝက်ဘ်ဆိုက်တွေ ရေးဆွဲတည်ဆောက်တဲ့ PHP language modelမှာ ဆိုးရွားတဲ့ ယိုပေါက်တွေ ရှာတွေ့ခဲ့တဲ့နောက် ဥရောပ နိုင်ငံတွေရဲ့ အစိုးရ ဝက်ဘ်ဆိုက်တွေကို ယာယီ ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိန်းကလေး တစ်ယောက်ကို မဖွယ်မရာ ထိကိုင်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တဲ့ စက်ရုပ်နဲ့ အဲဒီစက်ရုပ်ရဲ့ ပိုင်ရှင်ကို ဂျာမနီ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီ အစိုးရ အဓိပတိ ရောက်ရှိချိန်မှာတောင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့နေခဲ့ရကြောင်း သိရပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်