Connect with us

Hi, what are you looking for?

News

မြန်မာစစ်သံမှူးကို ဂျာမနီအစိုးရက သက်တမ်းတိုးမပေးဘဲ ပြန်လွှတ်ဟုဆို

မြန်မာအကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာသံတမန်မျက်နှာစာတွင် ဆက်လက်ရှုံးနိမ့်နေဆဲဖြစ်ပြီး ကုလသမဂ္ဂ၌လည်း ကိုယ်စားပြုခွင့်မရသေးပေ။

(ဂျာမနီနိုင်ငံဘာလင်မြို့ရှိ မြန်မာသံရုံး​ရှေ့တွင် ၂၀၂၁ ဧပြီက စစ်အာဏာသိမ်းမှုဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ကြစဥ်၊ ဓါတ်ပုံ-CNA)

ဂျာမနီသာမက ဥရောပဆိုင်ရာ မြန်မာသံစစ်မှူးအဖြစ် အသိအမှတ်ပြုခံရမည်မဟုတ်တော့

မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်အောင်ကျော်မိုးကို ဂျာမနီအစိုးရက ဗီဇာသက်တမ်းတိုးမပေးတော့ဘဲ နိုင်ငံမှထွက်ခွာရန် ညွှန်ကြားထားကြောင်း ဥရောပရောက်သတင်းရင်းမြစ်အချို့က ပြောသည်။

အဆိုပါ ဂျာမနီဆိုင်ရာ မြန်မာစစ်သံမှူးသည် ဗြိတိန်၊ ပြင်သစ်၊ အီတလီစသည့် အခြားသော ဥရောပနိုင်ငံများကိုလည်း တွဲဖက်တာဝန်ယူရပြီး ဂျာမနီက ဗီဇာသက်တမ်းတိုးမပေးသည့် အ တွက် အခြားနိုင်ငံများအတွက်လည်း စစ်သံမှူးအဖြစ် အသိအမှတ်ပြုခံရမည်မဟုတ်ကြောင်း ရင်းမြစ်များက ပြောသည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာသံတမန်မျက်နှာစာတွင် ဆက်လက်ရှုံးနိမ့်နေဆဲဖြစ်ပြီး ကုလသမဂ္ဂ၌လည်း ကိုယ်စားပြုခွင့်မရသေးပေ။

Public Service Announcement

Public Service Announcement

ဒေသတွင်း အင်အားကြီးနိုင်ငံအချို့နှင့် အာဆီယံနိုင်ငံအချို့က အကြမ်းဖက်စစ်တပ်နှင့်အကျိုးစီးပွားပတ်သက်မှုများရှိနေ၍ ဆက်သွယ်ဆက်ဆံမှုရှိသော်လည်း အာဆီယံ ထိပ်သီးညီလာခံ၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဆွေးနွေးဖက် နိုင်ငံများနှင့် အစည်းအဝေးများတွင် ကိုယ်စားပြုတက်ရောက်ခွင့်မရသေးပေ။

ပြီးခဲ့သည့် လပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီသည် ဗိုလ်ချုပ် သန်းထွဋ်သိန်းကို စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုခဲ့ရာ စင်ကာပူအစိုးရက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

ထို့အတွက် မင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသည့် ဗိုလ်ချုပ်သန်းထွဋ်သိန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ မထင်မှတ်ဆုံး ရလဒ်တစ်ခုအဖြစ် နာမည်ကြီး ဂျာမနီ အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျာမနီဟာ ပါရာဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတာပါ။

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။