Connect with us

Hi, what are you looking for?

News

ထိုင်းနှင့် ဘရူနိုင်းအပါအဝင် အာဆီယံနိုင်ငံများ စစ်ကောင်စီနှင့် စီးပွားရေးဆက်နွှယ်မှု ချက်ချင်းရပ်ဆိုင်းရန် JFM တောင်းဆို

ထိုင်းနှင့် ဘရူနိုင်းတို့သည် စစ်ကောင်စီအတွက်ငွေရှာပေးနေသော စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် မြန်မာစစ်တပ်၏ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေသည်ဟု JFMက ထုတ်ပြန်သည်။

ထိုင်းနှင့် ဘရူနိုင်းအပါအဝင် အာဆီယံနိုင်ငံများ၏ အစိုးရများသည် တရားမဝင်စစ်ကောင်စီနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊မိတ်ဖက်များထံ ငွေပေးချေမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmarက တောင်းဆိုလိုက်သည်။

ထိုင်းနှင့် ဘရူနိုင်းတို့သည် စစ်ကောင်စီအတွက်ငွေရှာပေးနေသော စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် မြန်မာစစ်တပ်၏ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေသည်ဟု JFMက ထုတ်ပြန်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ပင်စင်ရံပုံငွေများနှင့် အခြားသောအဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံရာတွင် အကြမ်းဖက်မြန်မာစစ်ကောင်စီအား ငွေကြေးထောက်ပံ့နေခြင်းကို မဖြစ်မနေ ရပ်တန့်ရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန် JFM က တောင်း ဆိုထားသည်။

ထို့အပြင် အာဆီယံနှင့် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကာ စစ်ကောင်စီနှင့် ၎င်း၏ကိုယ်စားလှယ်များကို အာဆီယံထိပ်သီးညီလာခံ၊ အစည်းအဝေးများသို့ ဖိတ်ကြားခြင်းမပြုရန်လည်း JFMက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် အခြားသောနိုင်ငံများအနေဖြင့် တရားမဝင်စစ်ကောင်စီ၊ ၎င်း၏ စီပွားရေးလုပ်ငန်းများနှင့်မိတ်ဖက်များအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရမည်ဖြစ်ပြီး စစ်တပ်အား ငွေကြေးဆက်လက်ထောက်ပံ့ခြင်းမရှိစေရန် အာဆီယံအစိုးရများကို ဖိအားပေးရမည်ဟု JFMက ဆက်လက်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။