Connect with us

Hi, what are you looking for?

News

ကရင်နီပြည်နယ်အတွက်အလွန်အရေးကြီးသောကာလကို ရောက်နေပြီဟု လွိုင်ကော်(PDF) သတိပေးထုတ်ပြန်

ဝီသဲကူးကျေးရွာတစ်ဝိုက်တွင် နံနက်မှစတင်ကာ ညအချိန်ထိ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး ၊ သံချပ်ကာကား ၊ ဒုန်းပစ်ကားနှင့် လေယာဉ်ဗုံးကြဲ ခြင်းစသည်တို့ကို ယခင်ကနှင့်မတူပဲ အလွန်အကျွံ တစ်နေကုန်ပစ်ခတ်အသုံးပြုကာ တိုက်ခိုက်နေသည်။

ဓာတ်ပုံ - လွိုင်ကော်(PDF)

စစ်ကောင်စီကို ရှိသမျှအင်အားအကုန်သုံးကာ တိုက်ခိုက်တွန်းလှန်မည်ဖြစ်၍ ငွေအား ၊လူအားနှင့်စိတ်ခွန်အား နည်းမျိုးစုံဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီ ထောက်ပို့ပေး ကြပါရန်မေတ္တာရပ်ခံ

ကယား(ကရင်နီ)ပြည်နယ် အခြေအနေမှာ အင်မတန်အရေးကြီးသောကာလကို ရောက်ရှိနေပြီ ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လွိုင်ကော်(PDF)က ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) သတိပေးထုတ်ပြန်သည်။

ထို့အတူ ကာကွယ်ရေးတပ်များသည် မည်သည့်နည်းနှင့်မျှ အလျော့ပေးမည် မဟုတ်ပဲ စစ်ကောင်စီအကြမ်းဖက်သူများကို ရှိသမျှအင်အားအကုန်သုံးကာ တိုက်ခိုက်တွန်းလှန်မည်ဟု ကတိပြုသည်ဟု အသိပေးထားသည်။

ထို့ကြောင့် နိုင်ငံနှင့်အဝှမ်းမှ မိဘပြည်သူများမှလည်း မိမိတို့ပြည်နယ်အား ငွေအား ၊လူအားနှင့် စိတ်ခွန်အား ပစ္စည်း နည်းမျိုးစုံဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီထောက်ပို့ပေးကြပါရန် အထူးလေးစား စွာ တိုက်တွန်းကြောင်း လွိုင်ကော် PDFက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – လွိုင်ကော်(PDF)

“ဒီမနက်(ဖေဖော်ဝါရီ ၂၄ ရက်)မှာလည်း မနက်အစောကတည်းက စစ်ခွေးတပ်က လက်နက် ကြီးရော လေယာဥ်နဲ့ဗုံးတွေ ကြဲနေတယ်။လွိုင်ကော်မှာလည်း ဒီမနက်ဖြစ်နေတယ်။ ကရင်နီ ပြည်နယ်ရဲ့ စစ်မျက်နှာအစုံကနေ အကြမ်းဖက်စစ်တပ်က စစ်ထိုးနေတယ်။ဒါကြောင့် ဒီပွဲက နိုင်မှ ဖြစ်မယ်။ တစ်နိုင်ငံလုံးရဲ့ အင်အားတွေလိုနေတယ်။ အားမလျှော့ကြပါနဲ့လို့ တိုက်တွန်း ချင်ပါတယ်”ဟု လွိုင်ကော် PDFတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဝီသဲကူးကျေးရွာတစ်ဝိုက်တွင် နံနက်မှစတင်ကာ ညအချိန်ထိ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး ၊ သံချပ်ကာကား ၊ ဒုန်းပစ်ကားနှင့် လေယာဉ်ဗုံးကြဲ ခြင်းစသည်တို့ကို ယခင်ကနှင့်မတူပဲ အလွန်အကျွံ တစ်နေကုန်ပစ်ခတ်အသုံးပြုကာ တိုက်ခိုက်နေသည်။

Public Service Announcement

အကြောင်းရင်းမှာ ၎င်းတို့၏ ခြေလျင်တပ်များသည် မည်သို့မျှလှုပ်ရှား၍မရပဲ ပြည်သူ့တပ်များ ၏ ဝိုင်းဝန်းပိတ်ဆို့ခြေမှုန်းခြင်းကို နေ့စဉ်ရက်ဆက်ခံနေရပြီး ရှေ့မတိုးနိုင်ပဲ အကျအဆုံးများ နေခြင်းကြောင့်ဟု လွိုင်ကော် PDFက သုံးသပ်သည်။

ထို့ကြောင့် လက်နက်ကြီး လေယာဉ်ပစ်ကူများ အလွန်အကျွံပစ်ခတ်ကာ ၎င်းတို့ ခြေလျင်တပ် များကို အသုံးဝင်နိုင်ရေးရှေ့တိုးနိုင်ရေး အသဲအသန် ကြိုးပမ်းနေ ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ – လွိုင်ကော်(PDF)

ကရင်နီကာကွယ်ရေးတပ်များမှာ ၎င်းတို့ အကြမ်းဖက်စစ်တပ်နှင့် လက်နက်အင်အား အဆမတန်ကွာခြားနေသော်လည်း အကြမ်းဖက်စစ်တပ်ကို ယနေ့အခြေနေထိ အစွမ်းကုန် တားဆီးပိတ်ပင်နေဆဲဟု အသိပေးသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ညက ဒေါကမီးရွာတွင်းရှိ လူနေအိမ်များပေါ်သို့ အကြောင်းမဲ့ အဆင်ခြင်မဲ့စွာ လေယာဉ်ဖြင့် ဗုံးကြဲပြီး ပြည်သူများကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲနေရာနှင့် အလှမ်းဝေးပြီး ဆိုင်ဖွင့်ကာ အရောင်းဝယ်လုပ်နေသော ရွာတွင်းသို့ ဗုံးကြဲချခြင်းဖြစ်ပြီး အပစ်မဲ့အရပ်သား နှစ်ဦးအသက်ဆုံးရှုံးရကာ အခြားအရပ်သားများလည်း ဒဏ်ရာရရှိခဲ့ကြပြီး နေအိမ် ၅ လုံးခန့်လည်း ပြင်းထန်စွာပျက်စီးခဲ့သည်။

ယခင်ကလည်း စစ်ရှောင်စခန်းတွင်းထိပါ ဗုံးကြဲခြင်းများ ပြုလုပ်သည့် သက်သေများရှိသည်။ ယခုလည်း ၎င်းတို့ အာဏာတည်မြဲရေးတစ်ခုတည်းကို ကြည့်ပြီး ပစ်မဲ့ပြည်သူများကိုပါ ရန်ရှာ သုတ်သင်ခြင်းအမှုကို ပြုနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ကရင်နီပြည်နယ်မှ ပြည်သူများသည် တစ်နေရာမှ စိတ်အေးလက်အေးနေရခြင်း မရှိပဲ နေ့စဉ်နှင့်အမျှ ရုပ်ပိုင်း၊စိတ်ပိုင်း၊ မလုံခြုံမှု ဖိစီးမှုများ နေ့စဉ်ရက်ဆက် ခံစားနေရ ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။