Connect with us

Hi, what are you looking for?

News

အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ် အကောင်အထည်ဖော်ရန် ပြစ်သစ်တိုက်တွန်း

မြန်မာနိုင်ငံအခြေအနေ ယိုယွင်းလာမှုအပေါ် နက်ရှိုင်းစွာစိုးရိမ်ကြောင်းနှင့် အကျပ်အတည်း ဖြေရှင်းရေး အာဆီယံ၏လုပ်ဆောင်မှုများကို ပြင်သစ်က ထောက်ခံကြောင်း အထက်ပါဝန်ကြီးက ပြောသည်။

▪️ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ပြင်သစ်ဆွေးနွေး

မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ်အကောင်အထည်ဖော်ရန် ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Jean-Yves Le Drianက တိုက်တွန်းခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ တက်ခွင့်မရသည့် အင်ဒို-ပစိဖိတ်ဝန်ကြီးများ အဆင့်ဖိုရမ်တက်ရောက် ရန် ပါရီမြို့သို့ရောက်ရှိနေသော ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံရာတွင် ဝန်ကြီး Mr. Jean-Yves Le Drian က မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးသည်။

မြန်မာနိုင်ငံအခြေအနေ ယိုယွင်းလာမှုအပေါ် နက်ရှိုင်းစွာစိုးရိမ်ကြောင်းနှင့် အကျပ်အတည်း ဖြေရှင်းရေး အာဆီယံ၏လုပ်ဆောင်မှုများကို ပြင်သစ်က ထောက်ခံကြောင်း အထက်ပါဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပါဝင်ပတ်သက်သူများအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို လုပ်ဆောင်ခြင်း အပါအဝင် ဘေးကင်းပြီး အဟန့်အတားမရှိ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးတွင် ထိုင်းနိုင်ငံမှ ပါဝင်နိုင်သည့် မရှိမဖြစ် အခန်းကဏ္ဍကို ဝန်ကြီး Mr. Jean-Yves Le Drian က ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ခြမ်းကို ဓာတ်အားထောက်ပံ့မှုတွေ ထိုင်းက ဖြတ်တောက်လိုက်ပေမယ့် နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လုပ်ငန်းတွေအပေါ် ထိခိုက်မှုက အကန့်အသတ်နဲ့သာ ရှိခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုးရွားလာနေတဲ့ လေထုညစ်ညမ်းမှု အခြေအနေကို တန်ပြန်ဖို့အတွက် ထိုင်းအစိုးရဟာ မီးရှို့မှုတွေကို တားဆီးတဲ့ အရေးပေါ် စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် ဟားမားစ် ပြောက်ကျားတွေဟာ အစ္စရေးနဲ့ ထိုင်းနိုင်ငံသား ဓားစာခံ ၈ ဦးကို ထပ်ပြီး လွှတ်ပေးလိုက်ပါတယ်။

သတင်း

ကျားဖြန့် ဂိုဏ်းတွေအပါအဝင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒုစရိုက် လှုပ်ရှားမှုတွေကို ဖြိုခွင်းဖို့ ရည်ရွယ်ချက်နဲ့ တရုတ် လုံခြုံရေး အရာရှိတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းနယ်စပ်ကိုသွားရောက်စစ်ဆေးလေ့လာခဲ့ကြောင်းသိရပါတယ်။