Connect with us

Hi, what are you looking for?

News

မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ မီတာမဆောင်တဲ့အိမ်တွေ စစ်ကောင်စီ မီးလိုက်ဖြတ်နေ

မြို့နယ်လျှပ်စစ်ဝန်ထမ်းတွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလိုက်ပါပြီး မြို့နယ်အတွင်း မီးတာမဆောင်တဲ့ အိမ်တွေကို လိုက်စစ်ကာ မဆောင်ထားရင် မီးတာချက်ချင်းဖြုတ်သွားတယ်လို့သိရပါတယ်။

(ပြီးခဲ့တဲ့လပိုင်းက မန္တလေးမြို့တွင်းမှာ မီးဖြတ်တာကိုလုံခြုံရေး လိုက်ယူပေးတဲ့စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်)

မီတာမဆောင်တဲ့နေအိမ်တွေကို မီးဖြတ်တာကို စစ်ကောင်စီဟာ ဒီနေ့မနက်ပိုင်းက မန္တလေး ချမ်းမြသာစည် မြို့နယ်အတွင်းမှာ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်လျှပ်စစ်ဝန်ထမ်းတွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလိုက်ပါပြီး မြို့နယ်အတွင်း မီးတာမဆောင်တဲ့ အိမ်တွေကို လိုက်စစ်ကာ မဆောင်ထားရင် မီးတာချက်ချင်းဖြုတ်သွားတယ်လို့သိရပါတယ်။

” မနက်အစောကြီးပဲ အရပ်ဝတ်သေနတ်ကိုင်ထားတဲ့သူတွေနဲ့ရောက်လာပြီး မီတာဆောင်ထားတဲ့ပြေစာပြခိုင်းတယ် ၊ မဆောင်ရသေးရင် ချက်ချင်းမီတာဖြုတ်သွားတာ”vdkU ချမ်းမြသာစည်မြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

မန္တလေးမှာ စစ်ကောင်စီ ဟာ မီတာခရဖို့အတွက် မီးဖြတ်တာ ၊မီတာဖြုတ်တာတွေကို ခပ်စိတ်စိတ်လုပ်ဆောင်နေတာပါ။

Public Service Announcement

Public Service Announcement

မီးဖြတ်ခံရတဲ့အိမ်တွေဟာ မီတာခသွားဆောင်ပြီးရင်လည်း မီပြန်ရဖို့အတွက် လျှပ်စစ်ဝန်ထမ်းကို ပိုက်ဆံပေးရတာတွေရှိနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။