Connect with us

Hi, what are you looking for?

News

မုံရွာမြို့နယ်မှ CDM ဆရာမအိမ်ကို အကြမ်းဖက်စစ်တပ်ကဖျက်ဆီးပြီး”လွတ်​အောင်​ပြေးထား”ဟုခြိမ်း​ခြောက်စာ​ရေးသွား

“ဒလန်သတင်းပေးနဲ့ အတိအကျဝင်သွားတာ။ ဆရာမ နဲ့ သူ့မိသားစု က လွတ်သွားတယ်။ဒါပေမယ့် အိမ်ကို ရစရာမရှိအောင် ဖျက်ဆီးခံခဲ့ရတယ်”ဟု မုံရွာမြို့နေသူတစ်ဦးက ပြောသည်။

(ဆရာမနေအိမ်ဖျက်ဆီးခံခဲ့ရပြီးနောက်တွေ့ရစဥ်။ ဓါတ်ပုံ- မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ )

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာမှ CDM ကျောင်းဆရာမတစ်ဦး၏နေအိမ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်ဖျက်ဆီးသွားပြီး “လွတ်​အောင်​ပြေးထား”ဟုခြိမ်းခြောက်စာများ ရေးသွားခဲ့ကြောင်း ​ဒေသခံများကပြောသည်။

ယနေ့ (ဖေဖော်ဝါရီလ ၂၆ရက်နေ့)နံနက်ပိုင်းကမုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာမှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက ဝင်ရောက်ကာ အိမ်တွင်းပစ္စည်းများ ဖျတ်ဆီးသွားပြီး အုတ်တံတိုင်းနှင့် အိမ်နံရံများတွင် ခြိမ်းခြောက်သည့်စာများ ရေးသွားကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

“ဒလန်သတင်းပေးနဲ့ အတိအကျဝင်သွားတာ။ ဆရာမ နဲ့ သူ့မိသားစု က လွတ်သွားတယ်။ဒါပေမယ့် အိမ်ကို ရစရာမရှိအောင် ဖျက်ဆီးခံခဲ့ရတယ်”ဟု မုံရွာမြို့နေသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် CDM ဆရာမ၏နေအိမ်ဝင်းတွင် “လွတ်အောင် ပြေးထား”ဆိုသည့်ခြိမ်းခြောက်စာသားများအပြင် အခြားရိုင်းစိုင်းသည့် စာသားများကိုလည်းရေးသားသွားသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

CDM ဆရာမတစ်ဦးနေအိမ်မှ အိမ်တွင်းပစ္စည်းများအားလုံး ရိုက်ခွဲဖျတ်ဆီးသွားခဲ့ပြီး ရေခဲသေတ္တာတစ်လုံး နှင့် TVအကြီးတစ်လုံးကိုလည်း စစ်ကောင်စီတပ်များက ယူဆောင်သွားကြောင်း၊စစ်ကောင်စီတပ်များသည် အပြန်လမ်းတွင်လည်း ညောင်ပင်ဇောက်ကျောက်ပေါက်အနီးအနားရှိ တဲအိမ်နှစ်လုံးကိုလည်း ထပ်မံမီးရှို့သွားပြီး ကျောက်ပေါက်အနီး ဘုံဆိုင်မှ ဆိုင်ရှင်အား ဖမ်းခေါ်သွားကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

“ထနောင်းတောက ၃ ယောက်ပါသွားတယ်ပြောတယ်။ လမ်းပြတွေကိုနောက်မှာထားပြီး CDMဆရာမအိမ်တန်းတန်းရောက်သွားလို့ ဒလန်သေချာပြထားတယ်လို့လည်း ကြားတယ်။”ဟု မုံရွာနယ်ခံတစ်ဦးက ပြောသည်။

အဆိုပါထနောင်းတောကျေးရွာအပြင် မုံရွာ -အမြင့်လမ်းပိုင်းအနီးတွင်ရှိသည့်ကျေးရွာများကိုအကြမ်းဖက် စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။