Connect with us

Hi, what are you looking for?

News

လွိုင်ကော် – လွိုင်လင်လမ်းမတစ်​လျှောက် ကုန်တင်ကား၊ အလုံပိတ်ကားကြီးများနှင့် တွဲကားများ ဖြတ်သန်းသွား လာခြင်းမပြုရန် KNDF သတိ​ပေး

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်း စစ်ရေးအခြေအနေကြောင့် ယခုကဲ့သို့ ထုတ်ပြန်သတိပေးမှုပြုလုပ်ခြင်းဖြစ်သည်ဟု ကရင်နီ အမျိုးသားများကာ ကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

လွိုင်​ကော်မြို့မှ လွိုင်လင်မြို့ (ရှမ်း-ကယား နယ်စပ်) လမ်းမကြီးတ​စ်လျှောက် ၁၂ဘီးကားများ၊ အလုံပိတ်ကား ၊မှန်လုံကား၊ တွဲကားများ ၊ကုန်တင်ကားအကြီးများ နှင့် စစ်​​​ကောင်စီအတွက်အသုံးပြုသည့်ယာဥ်များ ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်)ကစ၍ လုံး၀ဖြတ်သန်းသွားလာခြင်းမပြုရန် KNDF-B-14 က ထုတ်ပြန်သည်။

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်း စစ်ရေးအခြေအနေကြောင့် ယခုကဲ့သို့ ထုတ်ပြန်သတိပေးမှုပြုလုပ်ခြင်းဖြစ်သည်ဟု ကရင်နီ အမျိုးသားများကာ ကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

“အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မယ်ဆိုတာ သတင်းတွေ ထပ်ရထားတယ်။ဒါကြောင့် လမ်းပိုင်းဆိုင်ရာအရ ကျွန်တော်တို့ ကြိုပြီး ကာကွယ်ရမှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ရှမ်း-ကယား နယ်စပ်မှတစ်ဆင့် အကြမ်းဖက်စစ်ကောင် စီက စစ်အင်အားတိုးမြင့်မည်ဆိုပါက ဆီဆိုင်-လွိုင်လင် လမ်းကြောကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်ပြီး တောလမ်းကြောင်းမှတစ်ဆင့်လည်း ဝင်ရောက်လာနိုင်ကြောင်းလည်း KNDF က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၅ရက်ကစ၍ ရှမ်း-ကယား နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စတင်ထိုးစစ်ဆင်ခဲ့ပြီး ထို့နောက် ဖယ်ခုံ ၊ ဒီးမော့ဆို မြို့နယ်ကို စစ်ကြောင်း ရွှေ့လာခဲ့သည်။

ကရင်နီပြည်နယ်အတွင်း ညတိုက်ပွဲများမှာ နေ့စဥ် ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကာ အကြမ်းဖက်စစ်တပ်၏ မြေပြင်စစ်ကြောင်းမှာ ပို၍ အထိနာနေသည်။

ထို့ကြောင့် နေ့စဥ် လေယာဥ်နှင့် လက်နက်ကြီးများကို အကြမ်းဖက်စစ်တပ်က အသုံးပြုနေရသည်။

လေကြောင်းရန် ကာကွယ်ရေးအတွက် လက်နက် ဝယ်ယူရေးကိုလည်း ကရင်နီတပ်ပေါင်းစုက ကြိုးစားနေပြီး ပြည်တွင်း၊ပြည်ပ အလှူရှင်များကို ဖိတ်ခေါ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။