Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖားကန့်ခရိုင်တွင် စစ်တပ်ထုတ်ကုန်များ လုံးဝမ​ရောင်းချရန်KIAသတိ​ပေး

ဖားကန့်ခရိုင်အတွင်းမြို့တွင်းမြို့ ပြင်နှင့်ကျေးလက်ဒေသမှ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့်KTV များ ၊ဘားများအပြင် ကျောက်စိမ်းမှော်များရှိ ဆိုင်မျိုးစုံတွင်လည်း အထက်ပါ ထုတ်ကုန်များမရောင်းချရန်တားမြစ်ပိတ်ပင်ထားသည်။

(ဖားကန့်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ပြီး KIO/KIAကို​ထောက်ခံ​ကြောင်း ​ဒေသခံပြည်သူများဆန္ဒပြစဥ်။ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်များအားလုံးကို ဖားကန့်ခရိုင်အတွင်းမတ်လ ၂၀ ရက်နောက်ဆုံးထား၍ လုံးဝမရောင်ချရန် ကချင်လွန်လပ်​ရေးတပ်န​တော်-KIA ကသတိပေးချက်ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဦးပိုင်နှင့်ကျောထောက်နောက်ခံအကျိူးတူလုပ်ငန်းများဖြစ်သော အရက်၊ဘီယာမျိုးစုံနှင့် ဆောက်လုပ်ရေးသုံး ဆင်မင်းဘိလပ်မြေများကို သယ်ယူပို့ဆောင်ခြင်းလက်လီလက်ကား ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ဖားကန့်ခရိုင်အတွင်းမြို့တွင်းမြို့ ပြင်နှင့်ကျေးလက်ဒေသမှ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့်KTV များ ၊ဘားများအပြင် ကျောက်စိမ်းမှော်များရှိ ဆိုင်မျိုးစုံတွင်လည်း အထက်ပါ ထုတ်ကုန်များမရောင်းချရန်တားမြစ်ပိတ်ပင်ထားသည်။

မတ်လ ၂၀ရက် နောက်ဆုံးထားသတိပေးထားပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟုလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖားကန့်လူထုသည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်တက်ကြွပြီး ၊စစ်အာဏာရှင် ပြုတ်ကျ​ရေးဆန္ဒပြပွဲများကိုလည်း ဆက်တိုက်ပြုလုပ်​နေသလို KIA ၏ယခုသတိပေးချက် မတိုင်မီကပင် စစ်တပ်ထုတ်ကုန်များ မရောင်းချခဲ့ဟု ဒေသခံကုန်သည်အချို့ကပြောသည်။

ထိုအတောအတွင်း ဖားကန့်ဒေသ၌ ထူးခြားမှုအဖြစ်ဖားကန့်- ကားမိုင်း-လဝါးသွားလမ်းဆုံတွင် ယခင်ကတပ်စွဲထားသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခုရက်ပိုင်းတွင် တပ်ဆုတ်သွားပြီဟု ဒေသခံများကပြောသည်။

ကားမိုင်း-လဝါးလမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီဂိတ်ကို KIAကဖေဖော်ဝါရီလ ၂၅ရက်တွင်သွားရောက်တိုက်ခဲ့ရာစစ်ကောင်စီဘက်က ငါးဦး သေဆုံးခဲ့ပြီး သေနတ်လည်း သိမ်းဆည်းနိုင်ခဲ့​ကြောင်းကချင်ပြည်နယ်အခြေစိုက်သတင်းဌာနအချို့က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။