Connect with us

Hi, what are you looking for?

News

ဖားကန့်ခရိုင်တွင် စစ်တပ်ထုတ်ကုန်များ လုံးဝမ​ရောင်းချရန်KIAသတိ​ပေး

ဖားကန့်ခရိုင်အတွင်းမြို့တွင်းမြို့ ပြင်နှင့်ကျေးလက်ဒေသမှ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့်KTV များ ၊ဘားများအပြင် ကျောက်စိမ်းမှော်များရှိ ဆိုင်မျိုးစုံတွင်လည်း အထက်ပါ ထုတ်ကုန်များမရောင်းချရန်တားမြစ်ပိတ်ပင်ထားသည်။

(ဖားကန့်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ပြီး KIO/KIAကို​ထောက်ခံ​ကြောင်း ​ဒေသခံပြည်သူများဆန္ဒပြစဥ်။ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်များအားလုံးကို ဖားကန့်ခရိုင်အတွင်းမတ်လ ၂၀ ရက်နောက်ဆုံးထား၍ လုံးဝမရောင်ချရန် ကချင်လွန်လပ်​ရေးတပ်န​တော်-KIA ကသတိပေးချက်ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဦးပိုင်နှင့်ကျောထောက်နောက်ခံအကျိူးတူလုပ်ငန်းများဖြစ်သော အရက်၊ဘီယာမျိုးစုံနှင့် ဆောက်လုပ်ရေးသုံး ဆင်မင်းဘိလပ်မြေများကို သယ်ယူပို့ဆောင်ခြင်းလက်လီလက်ကား ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ဖားကန့်ခရိုင်အတွင်းမြို့တွင်းမြို့ ပြင်နှင့်ကျေးလက်ဒေသမှ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့်KTV များ ၊ဘားများအပြင် ကျောက်စိမ်းမှော်များရှိ ဆိုင်မျိုးစုံတွင်လည်း အထက်ပါ ထုတ်ကုန်များမရောင်းချရန်တားမြစ်ပိတ်ပင်ထားသည်။

မတ်လ ၂၀ရက် နောက်ဆုံးထားသတိပေးထားပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟုလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖားကန့်လူထုသည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်တက်ကြွပြီး ၊စစ်အာဏာရှင် ပြုတ်ကျ​ရေးဆန္ဒပြပွဲများကိုလည်း ဆက်တိုက်ပြုလုပ်​နေသလို KIA ၏ယခုသတိပေးချက် မတိုင်မီကပင် စစ်တပ်ထုတ်ကုန်များ မရောင်းချခဲ့ဟု ဒေသခံကုန်သည်အချို့ကပြောသည်။

ထိုအတောအတွင်း ဖားကန့်ဒေသ၌ ထူးခြားမှုအဖြစ်ဖားကန့်- ကားမိုင်း-လဝါးသွားလမ်းဆုံတွင် ယခင်ကတပ်စွဲထားသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခုရက်ပိုင်းတွင် တပ်ဆုတ်သွားပြီဟု ဒေသခံများကပြောသည်။

ကားမိုင်း-လဝါးလမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီဂိတ်ကို KIAကဖေဖော်ဝါရီလ ၂၅ရက်တွင်သွားရောက်တိုက်ခဲ့ရာစစ်ကောင်စီဘက်က ငါးဦး သေဆုံးခဲ့ပြီး သေနတ်လည်း သိမ်းဆည်းနိုင်ခဲ့​ကြောင်းကချင်ပြည်နယ်အခြေစိုက်သတင်းဌာနအချို့က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။