Connect with us

Hi, what are you looking for?

News

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌကိုထက်အောင် ထောင်ဒဏ်လေးနှစ် ချမှတ်ခံရ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပေါင်းတည်မြို့နယ်တရားရုံးက ယနေ့(မတ် ၁)တွင် စီရင်ချက်အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဒုဥက္ကဋ္ဌဖြစ်သူ ကျောင်းသားခေါင်းဆောင် ကိုထက်အောင်အား အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပေါင်းတည်မြို့နယ်တရားရုံးက ယနေ့(မတ် ၁)တွင် စီရင်ချက်အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ (ဟောင်း)တစ်ဦးဖြစ်သည့် ကိုထက်အောင်အား အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တက်ဘာ ၆ ရက်တွင် မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုထက်အောင်သည် ပြည်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသားတစ်ဦး ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။