Connect with us

Hi, what are you looking for?

News

ထိုင်း − မြန်မာ ကုန်သွယ်မှုမှာ ဘတ်ငွေနဲ့ကျပ်ငွေ တိုက်ရိုက်ပေးချေဖို့ စစ်ကောင်စီခွင့်ပြု
ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအပေါ် မှီခိုတာကို လျော့ချဖို့ စစ်ကောင်စီခြေလှမ်းပြင်နေ

ဘတ်ငွေနဲ့ကျပ်ငွေ တိုက်ရိုက်ပေးချေတာကို ဆောင်ရွက်ခွင့်ပြု လိုက်တဲ့ဘဏ်တွေမှာ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်မယ့်သူတွေရဲ့ သွင်းကုန် ပို့ကုန် ဘဏ်စာရင်းကိုဖွင့်လှစ်ခွင့်ပြုတယ်လို့လည်းစစ်ကောင်စီက ဆိုထားပါတယ်။

ထိုင်း − မြန်မာ နယ်စပ် ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်း − မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ဘတ်ငွေ နဲ့ကျပ်ငွေ တိုက်ရိုက် ပေးချေတာကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ခွင့်ပြုလိုက်တယ်လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

ဒီလိုခွင့်ပြုလိုက်တာဟာ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ဖို့နဲ့ ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့ ၊ ငွေပေးချေမှုမှာလည်း အဆင်ပြေစေဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဘတ်ငွေနဲ့ကျပ်ငွေ တိုက်ရိုက်ပေးချေတာကို ဆောင်ရွက်ခွင့်ပြု လိုက်တဲ့ဘဏ်တွေမှာ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်မယ့်သူတွေရဲ့ သွင်းကုန် ပို့ကုန် ဘဏ်စာရင်းကိုဖွင့်လှစ်ခွင့်ပြုတယ်လို့လည်းစစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ခြေလှမ်းဟာ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ သုံးစွဲတာကိုလျော့ချလိုတဲ့သဘောဖြစ်တယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းကလည်း တရုတ် − မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်ငွေနဲ့ကျပ်ငွေတိုက်ရိုက်ပေးချေတာကို စစ်ကောင်စီဘက်က ခွင့်ပြုခဲ့တာရှိပါတယ်။

အရင်က နယ်စပ်ကုန်သွယ်မှုတွေ ရဲ့ငွေပေးချေမှုတွေမှာ အမေရိကန်ဒေါ်လာကို လဲလှယ်ကာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...