Connect with us

Hi, what are you looking for?

News

လေယာဥ်ဆီတင်သွင်း​ပေး​နေ​သော CB ဘဏ်ဥက္ကဌ သတိ​ပေးသည့်အ​နေဖြင့် CB Bank ATMကို ဗုံးခွဲတိုက်ခိုက်

မတ်လ ၆ ရက် ညနေ ၃နာရီခန့်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ပါရမီလမ်းရှိ CB Bank ATM ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းATM ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(ရန်ကုန်မြို့လယ်ရှိ CB ဘဏ်တစ်ခုကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီအား လေယာဉ်ဆီတင်သွင်းရာ​ပေးရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ CB ဘဏ်ဥက္ကဌကိုသတိပေးသည့် အနေဖြင့် CB Bank ATM တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တရားမျှတမှုယူဆောင်သူအဖွဲ့ (JBF)မှတာဝန်ရှိသူတစ်ဦးက လူထု​နွေဦးသို့ ပြောသည်။

“အပြစ်မဲ့ပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီအား လေယာဉ်ဆီတင်သွင်းရာတွင် ကူညီပါဝင်ဆောင်ရွက်ပေးနေသူ CB Bank ဥက္ကဌ ခရိုနီခင်မောင်အေးအား သတိပေးသောအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီအား အားပေးကူညီနေပါက ပိုမိုပြင်းထန်သော စစ်ဆင်ရေးများဖြင့် လုပ်ဆောင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးကြေငြာအပ်ပါသည်”ဟု JBF အဖွဲ့က ထုတ်ပြန်ထားသည်။

မတ်လ ၆ ရက် ညနေ ၃နာရီခန့်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ပါရမီလမ်းရှိ CB Bank ATM ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းATM ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အပြစ်မဲ့ပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် အကြမ်းဖက်စစ်​ကောင်စီတပ်အတွက် လေဆီတင်သွင်းရာတွင် ကူညီပါဝင်​ဆောင်ရွက်ပေး​နေ​သော ကုမ္ပဏီ သုံးခုကို၏အမည်စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မတ် ၄ရက်တွင် ထပ်မံ ကြေညာခဲ့ရာ CB ဘဏ်ဥက္ကဌ ပိုင်ဆိုင်သည့် Golden Myanmar လေကြောင်းလိုင်းလည်း ပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

JBF အဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ၊ ထောက်တိုင်များ၊ ငွေကြေးထောက်ပံ့ပေးနေသည့်စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို ခြိမ်းခြောက်ဒုက္ခပေးနေသောအဖွဲ့အစည်းများကို အဓိကပစ်မှတ်ထား၍ တိုက်ခိုက်မည်ဟု သတိ​ပေးထားသည်။

ယင်းအဖွဲ့အနေဖြင့် မတ်လ ၃ ရက်က အုတ်ကျင်းဘူတာရုံလမ်းပေါ်ရှိ ယာဉ်ထိန်းရဲရုံးကို တိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၂၈ ရက်ကလည်း Transporter Bar ကို ဗုံးခွဲ၍ သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတွေ ပမာဏ အများအပြား ရရှိနိုင်အောင် အီရန်က ကူညီ ပို့ဆောင်ပေးနေကြောင်း Reuters သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှု တစ်ခုအရ သိရှိရပါတယ်။

သတင်း

ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ဆင်နွှဲဖို့အတွက် မြန်မာစစ်တပ်ဟာ လေယာဉ်ဆီတွေကို ဝယ်ယူရရှိနေဆဲလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က သတိပေး ဖော်ပြခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ယမန်နေ့ (ဩဂုတ် ၂၈) နေ့လည်ပိုင်းက “Cheetah Operation” အဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ PRF) က အသိပေးထုတ်ပြန်သည်။