Connect with us

Hi, what are you looking for?

LuduNwayOo

News

လေယာဥ်ဆီတင်သွင်း​ပေး​နေ​သော CB ဘဏ်ဥက္ကဌ သတိ​ပေးသည့်အ​နေဖြင့် CB Bank ATMကို ဗုံးခွဲတိုက်ခိုက်

မတ်လ ၆ ရက် ညနေ ၃နာရီခန့်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ပါရမီလမ်းရှိ CB Bank ATM ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းATM ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(ရန်ကုန်မြို့လယ်ရှိ CB ဘဏ်တစ်ခုကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီအား လေယာဉ်ဆီတင်သွင်းရာ​ပေးရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ CB ဘဏ်ဥက္ကဌကိုသတိပေးသည့် အနေဖြင့် CB Bank ATM တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တရားမျှတမှုယူဆောင်သူအဖွဲ့ (JBF)မှတာဝန်ရှိသူတစ်ဦးက လူထု​နွေဦးသို့ ပြောသည်။

“အပြစ်မဲ့ပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီအား လေယာဉ်ဆီတင်သွင်းရာတွင် ကူညီပါဝင်ဆောင်ရွက်ပေးနေသူ CB Bank ဥက္ကဌ ခရိုနီခင်မောင်အေးအား သတိပေးသောအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီအား အားပေးကူညီနေပါက ပိုမိုပြင်းထန်သော စစ်ဆင်ရေးများဖြင့် လုပ်ဆောင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးကြေငြာအပ်ပါသည်”ဟု JBF အဖွဲ့က ထုတ်ပြန်ထားသည်။

မတ်လ ၆ ရက် ညနေ ၃နာရီခန့်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ပါရမီလမ်းရှိ CB Bank ATM ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းATM ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အပြစ်မဲ့ပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် အကြမ်းဖက်စစ်​ကောင်စီတပ်အတွက် လေဆီတင်သွင်းရာတွင် ကူညီပါဝင်​ဆောင်ရွက်ပေး​နေ​သော ကုမ္ပဏီ သုံးခုကို၏အမည်စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မတ် ၄ရက်တွင် ထပ်မံ ကြေညာခဲ့ရာ CB ဘဏ်ဥက္ကဌ ပိုင်ဆိုင်သည့် Golden Myanmar လေကြောင်းလိုင်းလည်း ပါဝင်ခဲ့သည်။

JBF အဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ၊ ထောက်တိုင်များ၊ ငွေကြေးထောက်ပံ့ပေးနေသည့်စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို ခြိမ်းခြောက်ဒုက္ခပေးနေသောအဖွဲ့အစည်းများကို အဓိကပစ်မှတ်ထား၍ တိုက်ခိုက်မည်ဟု သတိ​ပေးထားသည်။

ယင်းအဖွဲ့အနေဖြင့် မတ်လ ၃ ရက်က အုတ်ကျင်းဘူတာရုံလမ်းပေါ်ရှိ ယာဉ်ထိန်းရဲရုံးကို တိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၂၈ ရက်ကလည်း Transporter Bar ကို ဗုံးခွဲ၍ သတိပေးခဲ့သည်။