Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်အတွက် ဆန်စပါး​ရောင်းချခြင်းဆိုင်ရာ ​ကြေညာချက် ပအဖထုတ်ပြန်

ဆောမြို့နယ်တွင်ဆန်စပါးရောင်းဝယ်ရေးအား စီမံခန့်ခွဲသွားမည့် အသေးစိတ်အစီအမံနှင့် ဆန်စပါးရောင်းချခြင်းဆိုင်ရာ ကြေညာချက်အား အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆောမြို့နယ်က ယမန်နေ့တွင် ကြေငြာခြင်းဖြစ်သည်။

ဆော​မြို့နယ်တွင်ပြည်သူများ၏​နေများနှင့် ဆန်၊စပါးများအား အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် နောက်ဆက်တွဲပြဿနာကြောင့် စားနပ်ရိက္ခာဖူလုံရေး စိုးရိမ်နေရပြီး ဒေသတွင်း ဆန်းစပါးရောင်းဝယ်ရေးကို စီမံခန့်ခွဲရန် ဆန်စပါးရောင်းချခြင်းဆိုင်ရာ ကြေညာချက်အား ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ကမတ် ၆ ရက်တွင်ထုတ်ပြန်သည်။

ဆောမြို့နယ်တွင်ဆန်စပါးရောင်းဝယ်ရေးအား စီမံခန့်ခွဲသွားမည့် အသေးစိတ်အစီအမံနှင့် ဆန်စပါးရောင်းချခြင်းဆိုင်ရာ ကြေညာချက်အား အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆောမြို့နယ်က ယမန်နေ့တွင် ကြေငြာခြင်းဖြစ်သည်။

“ဆောမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပိတ်ဆို့ခြင်းခံနေရသော ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်သည့်အပြင် အကြမ်းဖက်စစ်သားများက မြို့နယ်တွင်းကျေးရွာအချို့ရှိ အိုးအိမ်စည်းစိမ်နှင့်ဆန်/စပါးတို့အား မကြာခဏ ဖျက်ဆီးလျက်ရှိကြသည်ဖြစ်ရာ မြို့နယ်တွင်းပြည်သူအများအတွက် နှစ်ပတ်လည်စားနပ်ရိက္ခာဖူလုံရေးကိစ္စမှာ စိုးရိမ်ရသည့်အခြေအနေရှိပါသည်” ဟုပကဖ ကလူထုအား အသိပေး ထားသည်။

ထို့ကြောင့် ဆောမြို့နယ်အတွင်းရှိ ဆန်စပါးများအား မြို့နယ်ပြင်ပသို့ တင်ပို့ရောင်းချခြင်းမပြုလုပ်ကြပါရန်နှင့် အရေးပေါ်ငွေလိုအပ်ချက်ကြောင့် မဖြစ်မနေရောင်းချရမည့်အရေးနှင့်ကြုံပါက ကျေးရွာတိုက်နယ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ဦးစွာအကြောင်းကြားတင်ပြကာ အုပ်ချုပ်ရေးအဖွဲ့များမှ အမှန်တကယ်လိုအပ်သည့်နေရာသို့ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်စေရပါမည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးကြောင့်အရေးပေါ်လိုအပ်သော အခြားဒေသ(ဆော မြို့နယ်ပြင်ပ)များသို့မူ ကျေးရွာ၊ တိုက်နယ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ခွင့်ပြုချက်ဖြင့် တင်ပို့ရောင်းချခွင့်ပြုထားသည်။စစ်ဘေးသင့်ဒေသမှလွဲ၍ ဆောမြို့နယ်ပြင်ပသို့ ဆန်စပါးရောင်းချခွင့်မပြုသော်လည်း အခြားဒေသမှ တင်သွင်းရောင်းချလိုပါက ​တင်သွင်း​ရောင်းချခွင့်ပြုထားသည်။

အထက်ပါအစီအစဥ်အား အကောင်အထည်ဖော်ရခြင်းနှင့်ပတ်သက်၍ ” သုခကိုအတူခံစားဖို့ ဒုက္ခကိုလည်းမျှဝေခံစားကြပါစို့” ဟုလည်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

“ကျွန်တော်တို့က ကျွန်တော်တို့ ရွေးချယ်ထားတဲ့အစိုးရရဲ့ အမိန့်ကို လိုက်နာမှာ။ ဒေသရဲ့ စားဝတ်နေရေးအကျပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်တာမို့ NUG(အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆောမြို့နယ်) ရဲ့ အခုထုတ်ပြန်ချက်ကို အတိအကျလိုက်နာသွားမယ်” ဟု ဆောဒေသခံ လယ်သမားတစ်ဦးကပြောသည်။

ယောနယ်ဒေသတွင် ပါဝင်သော ဆောမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားခိုင်မာရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုဖြင့် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကောင်အထည်ဖော်နေသည်။ ဆောမြို့နယ် အောက်တွင် ဆောတိုက်နယ်၊ကျောက်ထုတိုက်နယ်နှင့် လောင်းရှည်တိုက်နယ် အုပ်ချုပ်ရေးအဖွဲ့တို့ကိုလည်း ပြီးခဲ့သည့်ရက်အနည်းငယ်က တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ကြားကာလဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ စနစ်တကျဖြင့် ပိုမိုထိရောက် မြန်ဆန်စွာလုပ်ကိုင်နိုင်ရေး၊အများပူးပေါင်းပါဝင်မှုအား ကိုယ်စားပြုသူများဖြင့် ဖြန့်ကျက်အုပ်ချုပ်မှုစနစ်ဖြစ်ပေါ် ရေးတို့အတွက် ယင်းကဲ့သို့တိုးချဲ့ဖွဲ့စည်းခြင်းဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေငြာသည်။ ယနေ့ ထုတ်ပြန်သည့် ဆန်စပါးရောင်းချခြင်းဆိုင်ရာ ကြေညာချက်ကိုလည်း မြို့နယ်နှင့် တိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက လူထုနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။