Connect with us

Hi, what are you looking for?

News

မိုးညှင်းတိုက်ပွဲ စစ်ကောင်စီတပ် အသေအပျောက်များ၍ ကားခြောက်စီးဖြင့် သယ်ယူဟု KIA အသိပေး

မိုးညှင်းမှ စစ်ကောင်စီတပ်၏ ကား(၂၇)စီးနှင့်အင်အား (၂၀၀)ခန့် ပါဝင်သော လက်နက်ပစ္စည်းများသယ်ဆောင်လာစဉ် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်များဘက်မှ အသေ အပျောက်များရှိ၍ မိုးညှင်းမှ စစ်ကောင်စီတပ်များ၏ ကား ​ခြောက်စီးဖြင့် သယ်ယူကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်ဟု ကချင်လွတ်လပ်ရေးတပ်မ တော်(KIA) သတင်းနဲ့ ပြန်ကြားရေးဌာန Kachinnet Burmese က ဖော်ပြသည်။

KIA တပ်မဟာ(၈)၊ တပ်ရင်း (၃၅) နယ်မြေ မိုးညှင်းမြို့ နမ့်ယာကြား ညောင်ကုန်းဒေသ၌ ယနေ့(မတ်လ ၇ရက်) နံနက် ၇နာရီခန့်တွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မိုးညှင်းမှ စစ်ကောင်စီတပ်၏ ကား(၂၇)စီးနှင့်အင်အား (၂၀၀)ခန့် ပါဝင်သော လက်နက်ပစ္စည်းများသယ်ဆောင်လာစဉ် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်များ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ဒေသခံများ ကြောက်ရွံ့ကာ ထွက်ပြေးပုန်းရှောင်နေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲ၌ KIAနှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုရှိ၊မရှိကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။