Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးညှင်းတိုက်ပွဲ စစ်ကောင်စီတပ် အသေအပျောက်များ၍ ကားခြောက်စီးဖြင့် သယ်ယူဟု KIA အသိပေး

မိုးညှင်းမှ စစ်ကောင်စီတပ်၏ ကား(၂၇)စီးနှင့်အင်အား (၂၀၀)ခန့် ပါဝင်သော လက်နက်ပစ္စည်းများသယ်ဆောင်လာစဉ် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်များဘက်မှ အသေ အပျောက်များရှိ၍ မိုးညှင်းမှ စစ်ကောင်စီတပ်များ၏ ကား ​ခြောက်စီးဖြင့် သယ်ယူကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်ဟု ကချင်လွတ်လပ်ရေးတပ်မ တော်(KIA) သတင်းနဲ့ ပြန်ကြားရေးဌာန Kachinnet Burmese က ဖော်ပြသည်။

KIA တပ်မဟာ(၈)၊ တပ်ရင်း (၃၅) နယ်မြေ မိုးညှင်းမြို့ နမ့်ယာကြား ညောင်ကုန်းဒေသ၌ ယနေ့(မတ်လ ၇ရက်) နံနက် ၇နာရီခန့်တွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မိုးညှင်းမှ စစ်ကောင်စီတပ်၏ ကား(၂၇)စီးနှင့်အင်အား (၂၀၀)ခန့် ပါဝင်သော လက်နက်ပစ္စည်းများသယ်ဆောင်လာစဉ် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်များ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ဒေသခံများ ကြောက်ရွံ့ကာ ထွက်ပြေးပုန်းရှောင်နေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲ၌ KIAနှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုရှိ၊မရှိကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။