Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေကူနယ်တွင် အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါလာသည့် စက်လှေကို မြို့လှ PDF တိုက်ခိုက်၊ သေဆုံးမှုရှိနိုင်ဟုထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၄၁၄ မှ ဗျူဟာမှူး ကျော်မျိုးထိုက်ဦးဆောင်ပြီး ဗိုလ်ကြီးနေထက်ပိုင် (ဆသရ) နှင့် ဆေးတပ်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ဦးခန့်လိုက်ပါလာသည့် စက်လှေသည် ချောင်း၀ရွာမှ အထက်ဘက်သို့ ထွက်ခွာစဉ် မြို့လှ PDF တပ်ခွဲ (၁) ဗိုလ်မိုဃ်းကြိုး ဦးဆောင်သည့် တပ်မှ စောင့်ကြို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

(မြို့လှ PDF တပ်ဖွဲ့ဝင်များ)

အကြမ်းဖက် စစ်ကောင်စီတပ်မှ အရှာရှိများ အပါအဝင် တပ်ဖွဲ့ဝင် ၁၀ဦးခန့်လိုက်ပါလာသည့် စက်လှေတစ်စီးကို ရွှေကူမြို့နယ် သာယာကုန်းရွာ အထက်ဘက် လုတ်တိုင်းချောင်း၌ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်(မြို့လှPDF)က ယမန်နေ့တွင် ထုတ်ပြန်သည်။


အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၄၁၄ မှ ဗျူဟာမှူး ကျော်မျိုးထိုက်ဦးဆောင်ပြီး ဗိုလ်ကြီးနေထက်ပိုင် (ဆသရ) နှင့် ဆေးတပ်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ဦးခန့်လိုက်ပါလာသည့် စက်လှေသည် ချောင်း၀ရွာမှ အထက်ဘက်သို့ ထွက်ခွာစဉ် မြို့လှ PDF တပ်ခွဲ (၁) ဗိုလ်မိုဃ်းကြိုး ဦးဆောင်သည့် တပ်မှ စောင့်ကြို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းဝရွာမှ ဗန်းမော်မြို့သို့ တပ်ပြောင်းရွှေ့ရန် ထွက်ခွာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၁၀မိနစ်ကြာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိကြောင်း၊ ရေထဲသို့ ခုန်ချသွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိနိုင်ကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

မြို့လှ PDF အနေဖြင့် မတ်လ ၁၁ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် စစ်ကောင်စီ၏ စစ်သင်္ဘောများတွင် သင်္ဘောဆိုင်ရာ ဝန်ထမ်းများ လိုက်ပါဆောင်ရွက်ခြင်း၊ ခရီးသွား ပြည်သူများ လိုက်ပါစီးနင်းခြင်းမပြုရန် အသိပေး အကြောင်းကြားစာ ထုတ်ပြန်ထားသည်။ အကယ်၍ လိုက်နာခြင်းမရှိပါက ထိခိုက်မှုနှင့် အသက်အန္တရာယ် ဖြစ်ပေါ်လာပါက တာဝန်ယူမည်မဟုတ်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။