Connect with us

Hi, what are you looking for?

News

ရေလယ်ကျွန်း​ဒေသတွင် စစ်တပ်ပိုင် ထုတ်ကုန်များ သယ်ယူ​ရောင်းချမှုများ မတ်လ၂၅ရက်​နောက်ဆုံးထား ရပ်ဆိုင်းရန် တပ်​ပေါင်းစု တပ်ရင်း(၃) သတိ​ပေး

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်များ သယ်ယူပို့ဆောင်ရောင်းချခြင်းများအား မတ်လ ၂၅ ရက်နောက်ဆုံးထားရပ်ဆိုင်းရန် ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်း(၃)က သတိပေးထုတ်ပြန်သည်။

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်း (၃)က ယမန်နေ့(မတ်လ ၁၄ ရက်) သတိပေးကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဦးပိုင်နှင့် ကျောထောက်နောက်ခံ အကျိုးတူလုပ်ငန်းများ ဖြစ်သော မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ အေဘီစီဘီယာ၊ RUM၊ Adaman Gold ဘီယာ၊ ဒဂုန်ဂျင်၊ မန္တလေးဘီယာ၊ Black Shield Stoutဘီယာ၊ Myanmar Premium Beer၊ Premium Gold ဆေးလိပ်၊ Red Ruby ဆေးလိပ်၊ My Tel ဆင်းကတ်နှင့် ဖုန်းဘေ၊ MEC ဆင်းကတ်နှင့် ဖုန်းဘေ၊ ဆင်မင်းဘိလပ်မြေ စသည့်ပစ္စည်းများကို သယ်ယူပို့ဆောင်ရောင်းချခြင်း၊လက်လီ လက်ကား ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြရန် မတ်လ ၂၅ ရက်နောက်ဆုံးထား ရပ်ဆိုင်းကြရန် ရေလယ်ကျွန်းတပ်ပေါင်းစုက ထုတ်ပြန်သည်။

ရေလယ်ကျွန်းဒေသအတွင်းရှိ စျေးဆိုင်များ၊ စတိုးဆိုင်များ၊ ဘီယာနှင့်အရက်ဆိုင်များအနေဖြင့် အထက်ပါပစ္စည်းများကို ၊ရောင်းချခြင်း၊ ဝယ်ယူခြင်းမပြုကြရန်၊ နောက်ဆုံးသက်မှတ်ထားသော မတ်လ ၂၅ ရက်နောက်ပိုင်းတွင် ဖော်ပြထားသော ကုန်ပစ္စည်းများအား လက်လီလက်ကား ရောင်းဝယ်ဖော​က်ကားနေသော ဆိုင်များနှင့် အဆိုပါပစ္စည်းများအား သယ်ယူပို့ဆောင်​ပေးသော ယာဥ်မျိုးစုံတို့အား စစ်ဆေးတွေ့ရှိရပါက ထောက်ထားငဲ့ညှာမည်မဟုတ်ဘဲ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရေလယ်ကျွန်းတပ်ပေါင်းစုက အသိပေးသည်။

“ရေလယ်ကျွန်း PDF အနေနဲ့ ပြည်သူလူထုနဲ့အတူ မားမားမတ်မတ်ရပ်တည်ကာ စစ်အာဏာရူးကို တွန်းလှန်တိုက်ခိုက်ပြီး ခုခံစစ်ဆင်နွှဲနေတာအတိုင်းအတာတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ စစ်ရေးပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာ စစ်တပ်ပိုင်ကုန်စည်များ ရောင်းချတာ သယ်ယူပို့ဆောင်တာမလုပ်ဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့ အသိပေးပါတယ်။ ၂၅ ရက်နေ့နောက်ပိုင်း ငွေဒဏ်နဲ အတူကုန်စည်များပါ(လုံးဝ)ဖမ်းဆီးထိန်းသိမ်းပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ သတိပေးပါတယ်”ဟု ရေလယ်ကျွန်း PDFက ရေးသားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနက PDF တပ်ရင်းသစ် ၃ခု ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ဖေဖော်ဝါရီ ၂၄ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကိုဆက်သွယ်ထားသည့်အမ်း-ပဒါန်းလမ်းကို တော်လှန်ရေးပူးပေါင်းတပ်များကထိန်းချုပ်ထားသည်။

သတင်း

လက်ရှိတွင်လည်း ရှမ်းတောင်နှင့် ကရင်နီပြည်နယ် အစပ်ဖြစ်သော မိုးဗြဲ နှင့် ဖယ်ခုံမြို့နယ်တို့တွင်နေ့စဥ်နီးပါးတိုက်ပွဲ များပြင်ထန်စွာဖြစ်ပွားနေသည်။

သတင်း

KIA အမှတ်(၁၁)တပ်မဟာကို အူလောင်းပါနှင့် ရွှေကူဒေသတို့ ပါဝင်ပြီး KIA အမှတ် (၁၂) တပ်ရင်း၊အမှတ်(၂၇)များဖြင့် ဖွဲ့စည်းထားကြောင်း အသိပေးသည်။

Facebook